ပြည်သူတွေချစ်ရင် ဒီလိုမြင်ကွင်းတွေမြင်ရမယ်

မတူပီမြို့နယ်၊ ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော်ကို စစ်သုံ့ပန်း အဖြစ် ဖမ်း ဆီးရရှိ၊ အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို သောင်းသောင်းဖျဖျ ကြိုဆို

ဒီဇင်ဘာ ၂ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၃၀ ကျော် စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးရရှိပြီး ဖမ်းဆီးရရှိသူများကို ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း Chinland Defense Force-Zotung Cdf-Zotungမှ ပြန်ကြားရေး တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဖမ်းဆီးရရှိတဲ့ စစ်သုံ့ပန်း ၃၀ ကျော်ပါတယ်။ လက်နက်ခဲယမ်းအများအပြားရရှိထားပါတယ်။ ဖမ်းဆီးရရှိသူတွေကို ကျွန်တော်တို့က အကြမ်းဖက်စစ်ကောင်စီလိုမဟုတ်ဘူး။ သူ့တို့လိုမလုပ်ဘူး။ လက်ထဲရောက်ပြီဆိုတော့ဉပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားပါမယ်။ ဖမ်းဆီးရရှိတဲ့သူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးပါတယ်။ တပ်တွေ နာမည်တွေတော့ အဆင်ပြေတဲ့တစ်နေ့ ထုတ်ပြန်ပါ့မယ်” ဟု း Chinland Defense Force-Zotung Cdf-Zotungမှ ပြန်ကြားရေး တာဝန်ရှိသူက ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ZZLMS Operation ဟုအမည်ပေးထားသည့်ချင်းပြည်နယ် ၊ရေဇွာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင်ZZLMSညီနောင်များနှင့်အတူ ချင်းအမျိုးသားတပ်ဉီး CNA၊ CDF-MATUPI(B2) တို့က ပါဝင်ပူးပေါင်း တိုက်ခိုက်လာခဲ့ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် စခန်းကို အပြီးပိုင်သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရှိရသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင်စစ်သုံ့ပန်းများကို ဖမ်းဆီးရမိပြီးလက်နက်နှင့်ခဲယမ်းအများအပြားကိုလည်း ရရှိခဲ့‌ြီ့းနောက် ရေဇွာမြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုကြသည်။

ထို့ပြင် ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့သိမ်းတိုက်ပွဲမှ ပြန်လာကြသော ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDFs) မှ ရဲဘော်များကို ဒေသခံပြည်သူလူထုက ရိုးရာ၀တ်စုံများနှင့် ပန်းကုန်းများဖြင့် ကြိုဆိုခဲ့ကြကြောင်း Chinland Information Center (CIC)က ထုတ်ပြန်သည်။

ရေဇွာမြို့ရှိ စစ်တပ်စခန်းနှင့် ရဲစခန်းတို့ကို CNA က ဦးဆောင်ကာ ZZLMS ညီနောင် ၅ ဖွဲ့ဖြစ်သော CDF-Zotung, CDF-Zophei, CDF-Lautu, CDF-Mara, CDF-Senthang တို့နှင့်အတူ CDF-Hakha, CDF-Matupi (Battalion 2), CDF-Thantlang, Asho CDF နှင့် CDF-Hualngoram တို့မှ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေဇွာမြို့သိမ်းတိုက်ပွဲကို CNA ၏ စစ်ဦးစီးချုပ်က ကိုယ်တိုင်ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CIC ကထုတ်ပြန်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *