လွိုင်ကော်ဂိုထောင်ကိုမီးဖုတ်(ရုပ်သံ)

လွိုင်ကော်၊ ခလရ ၅၄ တပ်ရင်း လက်နက်တိုက်ကို တပ်တွင်း သတင်းပေးချက်အရ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ရာ လက်နက်တိုက် မီးလောင်ပျက်စီး (ရုပ်သံ)

ဒီဇင်ဘာ ၁ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခလရ ၅၄ တပ်ရင်းရဲ့ လက်နက်တိုက်ကို တပ်တွင်း သတင်းပေးချက်အရ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ရာ လက်နက်တိုက် မီးလောင်ပျက်စီးသွားတယ်လို့ လွိုင်ကော် PDF က ထုတ်ပြန်ပါတယ်။

လွိုင်ကော်မြို့ရှိ ခလရ ၅၄ တပ်ရင်းအတွင်းရှိ လက်နက်တိုက်ကို တပ်တွင်း ဖရဲသီးသတင်းပေးချက်အရ ဒီ​​နေ့ ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးကျရောက်ပေါက်ကွဲပြီးနောက် အသံ ကျယ်လောင်စွာ ထွက်ပေါ်လာကာ ၂ နာရီခန့်အကြာ မီးလောင် နေခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Loikaw PDF နဲ့ Falcon Wings တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး လွိုင်ကော်မြို့က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာများကို ဒရုန်းနဲ့ တိုက်ခိုက်ချေမှုန်းနေသလို 1111 Operation စစ်ဆင်ရေး ၂၁ ရက်မြောက်နေ့မှာ လွိုင်ကော်မြို့ တဝက်နီးပါးကို ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

ခလရ ၅၄ တပ်ရင်းဟာ လွိုင်ကော်မြို့၊ မိုင်းလုံးရထားလမ်း ညာဘက်ခြမ်းမှာ တည်ရှိပြီး လွိုင်ကော် ဒေသကွက်ကဲရေး စစ်ဌာနချုပ်နဲ အနီးကပ်ဆုံးတပ်ရင်းတစ်ခုဖြစ်သလို လေကြောင်းကနေ လူ၊ လက်နက်၊ ခဲယမ်းဖြည့်တင်းရာမှာ အဓိက အသုံးပြုနေတဲ့ တပ်ရင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ် 1111 Operartion စတင်ချိန်ကနေ မဟာမိတ်တပ်ပေါင်းစုနဲ့အတူ ဦးလည်မသုန် ပါဝင်နေပြီး အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်တောက်ရေးကို မြေပြင် ဝေဟင် အဆက်မပြတ် ဆင်နွှဲနေတယ်လို့လည်း Loikaw PDF X Falcon Wings က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှု၊ လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်မှုနဲ့ မြေပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ရမ်းသမ်းပစ်ခတ်မှုများကြောင့် မြို့နေ ပြည်သူများ ထိခိုက်နေတာကြောင့် ပြည်သူများ လွိုင်ကော်မြို့ကို ပြန်လည်ဝင်ရောက်ခြင်း မပြုကြဖို့ မေတ္တာရပ်ခံထားပါတယ်။

လွိုင်ကော်မဗာ စစ်ကောင်စီ ပင်မအခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခလရ ၂၆၁ ၊ ခလရ ၂၅၀ ၊ ခလရ ၅၄ ၊ အမြောက်တပ်ရင်း ၃၆၂ ၊တပ်မတော်ဆေးရုံ အမှတ် ၇ ၊ ထောက်ပို့နဲ ပို့ဆောင်ရေးတပ်ခွဲ အမှတ် ၇၂၂ တပ်တို့ရှိတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *