ပွဲတိုင်းဘေးကင်းပီးနိုင်ပွဲတွေရပါစေ

မွန်ပြည်နယ် ရေးမြိို့နယ်တောင်ပိုင်းရှိ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ သစ္စာရေသောက်ပွဲကျင်းပ

================

ဒီဇင်ဘာ၂ရက်

မွန်ပြည်နယ် ရေးမြိို့နယ်တောင်ပိုင်းရှိ တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ သစ္စာရေသောက်ပွဲကျင်းပခဲ့ပါတယ်။

ဒီဇင်ဘာ၂ရက်မှာ မွန်ပြည်တော်လှန်ရေးတပ်ကအသိပေးဆိုပါတယ်။

“နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့ သစ္စာရေသောက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် လွတ်မြောက်နယ်မြေတနေရာတွင် ကျင်းပခဲ့ပါတယ်”လို့ဆိုပါတယ်။

အဆိုပါ သစ္စာရေသောက်ပွဲအခမ်းအနားတွင် ဒေါနစစ်ကြောင်း၊မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF တပ်ရင်း – ၁၊ ရေးပြောက်ကျားတပ် – YGF ၊ YAF ၊ YDF ၊ MSRO စသည့်တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များ ကတိသစ္စာပြုကာ သစ္စာရေသောက်ခဲ့ကြပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF အနေဖြင့် မဟာမိတ်တပ်ပေါင်းစုများနှင့် ပူးပေါင်းကာ တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *