ဘောမတို့ရဲသွားရာလမ်း

ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းရွာ ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းရွာ ရာအိမ်မှူး ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ ည ၈ နာရီခန့်တွင် ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းရွာ ရာအိမ်မှူး ခင်မောင်ဝင်းကို ၃၆၀၁ PPDF တပ်ရင်းတပ်ခွဲ ၁ က ပစ်ခတ် တိုက်ခိုက်ရာ ဦးခေါင်းကို ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရာအိမ်မှူး ခင်မောင်ဝင်းသည် အကြမ်းဖက် စစ်တပ်ကို ခေါ်ဆောင်၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စခန်းများကို ကိုယ်တိုင်လမ်းပြခြင်း၊တော်လှန်ရေး မိသားစုများ၏ နေအိမ်များကို လိုက်ပြခြင်း၊တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းကိုထောက်လှမ်း၍ အကြမ်းဖက် စစ်တပ်ထံ သတင်းပေးခြင်းနှင့် အကြမ်းဖက် စစ်တပ် စေခိုင်းသမျှကို လုပ်ဆောင်ပေးနေသူလည်းဖြစ်ကြောင်း သိရှိရသည်။

ပေါင်းတည်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် ထောက်တိုင် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံးပြည်သူနှင့် အမြန်ဆုံး ပူပေါင်းကြရန် နောက်ဆုံးအကြိမ် သတိပေးကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ဆက်လက် လုပ်ဆောင်နေပါကပြင်းပြင်းထန်ထန် အရေးယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်းတပ်ခွဲ(၁)က သတိပေး ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *