ကသာမြို့မှာလည်းအလင်းဝင်ကြပြန်ပြီ

ကသာတွင် Non-CDM ၈၅ ဦး အလင်းဝင်လာ

ဒီဇင်ဘာ ၄ ရက်

မြို့နယ်အတွင်းမှ Non-CDMများ အလင်းဝင်ရောက်ရန် ကြေညာချက်နှစ်ကြိမ်ထုတ်ပြန်ခဲ့ရာ ၈၅ ဦး အလင်းဝင်ရောက်လာသည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးက သတင်းထုတ်ပြန်သည်။

Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို မြိုနယ် ပကဖက ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း နှစ်ကြိမ်ကြေညာခဲ့သည်။ထိုသိုကြေညာပြီးနောက် ပထမအကြိမ်တွင် Non CDM ၅၆ ဦး၊ဒုတိယအကြိမ်တွင် ၂၉ ဦးအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၄ရက်နေ့အထိ အလင်းဝင်ရောက်ခြင်း မရှိသည့် Non CDM ဝန်ထမ်းများကို တည်ဆဲ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူအပြစ်ပေးမည်ဟုကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကထုတ်ပြန်ထားခြင်းဖြစ်သည်။

Non CDM ဝန်ထမ်းများ ထိုသို့အလင်းဝင်ပြီးနောက်

ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပေးထားသည့် ဖုန်းနံပါတ်အားစစ်ကောင်စီက ပိတ်သိမ်းသွား​ကြောင်းလည်း သိရသည်။

ထို့ကြောင့် အလင်းဝင်ရောက်လိုသူများအနေဖြင့် @kathapap Telegram သို့ ဆက်သွယ် အလင်းဝင်ရောက်ပေးကြရန် ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ ၂ရက်တွင် ထပ်မံအသိပေးထထုတ်ပြန်သည်။

“ကျန်နေသေးတဲ့ Non တွေ ပြည်သူကို မျက်နှာမူပြီး အမြန်အလင်းဝင်ပါ” ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကတိုက်တွန်းသည်။

ကသာမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများသည် ဒီဇင်ဘာလ ၁၄ ရက် နောက်ဆုံးထား၍ မိမိတို့၏ ဆောင်ရွက်ဆဲ ရုံးလုပ်ငန်းများကို ရပ်တန့်ပြီး ဌာနဆိုင်ရာ စာရွက်စာတမ်းများ၊ ပြည်သူပိုင်ပစ္စည်းများနှင့်တကွ အမျိုးသားညီညွတ်ရေး အစိုးရထံ အလင်းဝင်ရန်၊အလင်းဝင်ရောက်မည့် Non CDM ဝန်ထမ်းများသည် အစိုးရဌာနဆိုင်ရာ (သို့မဟုတ်) ဒေသဆိုင်ရာ အာဏာပိုင်တို့က ပိုင်ဆိုင်သည့် (သို့မဟုတ်) ယင်းတို့အား လွှဲအပ်ထားသည့် သို့မဟုတ် အသုံးပြုရန် ကြံရွယ်ထားသည့် သိုလှောင်ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာတန်ဆာပလာ (သို့မဟုတ်) အခြား ပစ္စည်းများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ စနစ်တကျ အပ်နှံရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် ထုတ်ပြန်ထားသည်။

CDMဝန်ထမ်းများကို ထိထိရောက်ရောက်ကူညီခြင်း၊ တော်လှန်ရေးကို ထိထိရောက်ရောက် ပါဝင်ကူညီခြင်း ပြုခဲ့သည်ဟု အထောက်အထား ခိုင်လုံသည့် Non CDM ဝန်ထမ်းများက မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ထံ တာဝန်ထမ်းဆောင်ရန် လျောက်ထားပါက “အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု- CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း” နှင့်အညီ စနစ်တကျ စိစစ်၍ ကာလတိုစာချုပ်ဖြင့် တာဝန်ပေးခြင်းဆောင်ရွက်သွားမည်ဟုအသိပေးထားသည်။

လတ်တလောတွင် သက်သာခရိုင်အတွင်း ထီးချိုင့်မြို့နယ်၌ တိုက်ပွဲများပြင်းထန်နေပြီး ကသာမြို့တွင် စစ်ရေးအခြေ

အနေငြိမ်သက်နေသည်။

(ကသာမြို့ကိုအ​ပေါ်စီးမှမြင်​တွေရပုံ။ဓါတ်ပုံ-Tripadvisor)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *