မနေချင်လို့ပြေးပါတယ်ဆို ငပုကဘာတွေမျှော့်လင်နေလဲ

တပ်ရင်းတပ်ဖွဲ့များတွင် စစ်သားမယားများကို လက်နက်ကိုင် လုံခြုံရေးစောင့်ခိုင်းရသည်အထိ အင်အားမရှိတော့၍ စစ်ပြေးနှင့်ခွင့်မဲ့ ပျက်ကွယ်သူများကို တပ်ထဲပြန်ဝင်လျှင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ဖိတ်ခေါ်

ဒီဇင်ဘာလ ၄ ရက်

နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များတွင် စစ်သားမယားများကို လက်နက်ကိုင် လုံခြုံရေးစောင့်ခိုင်းရသည်အထိ အင်အားမရှိတော့၍ စစ်ပြေးနှင့်ခွင့်မဲ့ ပျက်ကွယ်သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟုဆိုကာ စစ်တပ်ထဲ ပြန်ခေါ်နေကြောင်း သိရှိရသည်။

စစ်ကောင်စီက ဒီဇင်ဘာလ ၃ ရက်နေ့မှစတင်ပြီး စစ်တပ်မှ ခွင့်မဲ့ ပျက်ကွက်နေသူများ၊ စစ်ပြေး ဖြစ်နေသော စစ်သားများအနေဖြင့် စစ်တပ်ထဲ ပြန်လည် ဝင်ရော်လိုပါက သက်ဆိုင်ရာ (သို့မဟုတ်) နီးစပ်ရာ တပ်များတွင် ပြန်လည် လက်ခံပ‌ေးမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုသည့် သာမန်ပြစ်မှု ကျူးလွန်သူ တပ်မတော်သားများကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးသွား မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

“စစ်ပြေးကိုတော့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမယ် ပြန်လာဆိုတာမျိုးကတော့ ဘယ်ခေတ်ဘယ်အခါမှ မကြားဖူးတာတွေ အခု စစ်တပ်က လုပ်တာလို့ မြင်ပါတယ်။ စစ်ပြေးဆိုတာ စစ်ထဲ မနေချင်လို့ကို ပြေးတာ။ အဲဒါကို ပြန်လာခိုင်းတာဆိုတော့ တပ်ထဲမှာ ဘယ်လောက် လူအင်အားလိုအပ်ချက် များနေလဲဆိုတာ ထင်သာမြင်သာရှိပါတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် NLD ပါတီထောက်ခံသူ တပ်မတော် အငြိမ်းစား အရာရှိတစ်ဦးက ပြောဆိုသည်။

နိုင်ငံတစ်ဝန်းရှိ စစ်တပ် တပ်ရင်း၊ တပ်ဖွဲ့ များတွင် ရှေ့တန်းထွက်အင်အားများကို စစ်သား အင်အားအလုံးအရင်းဖြင့် အသုံးပြုရသည့်အတွက် နောက်ချန် အင်အားမရှိတော့ကြောင်း၊ ထို့ကြောင့် စစ်သားများ၏ မယားများ၊ သမီးများနှင့် အသက်မပြည့်သေးသည့် သားသမီးများကို ယူနီဖောင်းပေးဝတ်ခိုင်းကာ ရက်တို စစ်သင်တန်းပေး၍ တပ်လုံခြုံရေးအတွက် ကင်းစောင့်ခိုင်းနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- တပ်ရင်းများတွင် ကင်းစောင့်နေရသည့် စစ်သားများ၏ လက်နက်ကိုင် မယားများ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *