ကျိုက်ထိုမှာ စခယာဉ်တန်းအုန်းခံရပြီး သုံးပွင့်ဗက အပါအဝင် ၅ ဦးဂန့်

ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်တိုက်ခိုက်ခံရပြီး သုံးပွင့်အရာရှိအပါအဝင် ၅ ဦးသေဆုံးဟုဆို

BVJ/KK _ ဒီဇင်ဘာ ၅ ၊ ၂၀၂၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဘီးလင်းဘက်က‌နေ ရန်ကုန်ဘက်ကိုသွားနေတဲ့ စစ်တပ်ယာဉ်တန်းတိုက်ခိုက်ခံရလို့ သုံးပွင့်အရာရှိအပါအဝင် ၅ ဦး သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KYAIKHTO REVOLUTION FORCE (KRF) က မနေ့က ဒီဇင်ဘာ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မနေ့က ဒီဇင်ဘာ ၄ ရက်နေ့မှာ ဘီးလင်းဘက်ကနေ တပ်မ-၄၄ က စစ်‌ကောင်စီယာဉ်တန်း (၇) စီးက ရန်ကုန်ဘက်ကို စစ်ကြောင်း ထွက်ထွက်လာချိန်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်

အဲ့ဒီယာဉ်တန်း ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း(ကွာရီအပိုင်) လမ်းကွေ့တစ်ခုကိုအရောက် နေ့လည် ၃ နာရီ ၅၂ မိနစ်အချိန်မှာ KRF ၊ KNU/KNLA တပ်မဟာ(၁) တပ်ရင်း(၃) Tiger Group နဲ့ ကျိုက်ထိုပကဖအဖွဲ့ စတဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး လက်လုပ်မိုင်းကြီး (၂) လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်း (၃)စီးမြောက် ယာဉ်ရဲ့ ညာဘက်အခြမ်းမှာ ထိခိုက်ပျက်စီးသွားခဲ့ပြီး မောင်းပြေးသွားခဲ့သလို ကျန်တဲ့ကားပေါ်က စစ်ကောင်စီတပ်သားတွေက လမ်းတလျှောက် လက်နက်ငယ်တွေနဲ့ တရစပ်ရမ်းသမ်းပစ်ခတ် သွားခဲ့ကြတယ်လို့ ဒေသခံတွေရဲ့ အတည်ပြုချက်ကို ထုတ်ပြန်ချက်မှ ာဖော်ပြထားပါတယ်။

သေနတ်တွေရမ်းသမ်းပစ်ခတ်သွားခဲ့ကြတဲ့ ကျန်ယာဉ်တွေက စစ်တောင်းတံတား ကျော်လွန်ပြီး တဖက်ကမ်း အရောက်မှာတော့ (၃) ပွင့်နဲ့ အရာရှိ အပါအဝင်စုစုပေါင်း (၅) ဦးသေပြီး အပြင်းအထန်ဒဏ်ရာရသူ (၆)ဦးကိုလည်း ကားပေါ်ကချကာ ယာဉ် (၅) စီးက ရန်ကုန်ဘက်ကို ဆက်လက်ထွက်ခွာသွားခဲ့တယ်လို့လည်း (တပ်တွင်း သတင်းရင်းမြစ်အရ) သိရတယ်လို့ ဖော်ပြပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီက အခင်းဖြစ်ပွားပြီးနောက် မိုင်းမိခဲ့တဲ့နေရာကို စစ်တောင်းတံတားဂိတ်နဲ့ မုပ္ပလင် လမ်းဆုံဂိတ်တို့ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေရှိပေမယ့် တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့က တပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း KRF က ဆိုထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *