အဖြူရောင်အနုပညာရှင်များအဖွဲ့နဲ့ရိုက်မှပိုစိတ်ဝင်စားကြမယ်

မုန်းမြို့ကို ပြန်လည်သိမ်းပိုက်ပြီဟု ဘာမှ မရှိတော့သည့် တပ်ရင်းရှေ့ ရဟတ် ယာဉ်ဖြင့် စစ်သားများချပေးပြီး ဓာတ်ပုံရိုက် စစ်ကောင်စီက ဝါဒဖြန့်၊ ဓာတ်ပုံရိုက်သည့် စစ်ကြောင်းကို တိုက်မလား၊ လက်နက်ချ အညံ့ခံမလားဟု တော်လှန် ရေးတပ်များက ရာဇသံပေးထား

■ မုန်းမြို့တစ်ခုလုံးကို KNLA ၊ PDF တပ်များအားလုံးက သိမ်းပိုက် ထိန်းချုပ်ထား

ရန်ကုန် ၊ ဒီဇင်ဘာ ၆

အကြမ်းဖက်စစ်ကောင်စီက ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို ပြန်လည်သိမ်းပိုက်ပြီဟု ဘာမှ မရှိတော့သည့် တပ်ရင်းရှေ့ ရဟတ်ယာဉ်ဖြင့် စစ်သားများချပေးပြီး ဓာတ်ပုံရိုက် ၀ါဒဖြန့်နေသဖြင့် ယင်းစစ်ကြောင်းကို တိုက်မလား၊ လက်နက်ချ အညံ့ခံမလားဟု တော်လှန်ရေးတပ်ဖွဲ့များက ရာဇသံပေးထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

KNLA နှင့် PDF အပါအဝင် မဟာမိတ်ပူးပေါင်းတပ်များက ဒီဇင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ခန့်မှ စတင်ပြီး မုန်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ−၅၉၉၊ ခမရ−၅၉၀၊ မုန်းမြို့မ ရဲစခန်း နှင့် တံတားထိပ် ဂိတ်စခန်းတို့ကို တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ယင်းစခန်းများ အားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး မုန်းမြို့ကို ထိန်းချုပ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် စစ်တပ်က မုန်းမြို့ သိမ်းပိုက်ခံရခြင်းမရှိဟုဆိုကာ အကြီးအကျယ် ဝါဒဖြန့် တန်ပြန် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေကြောင်း သိရှိရသည်။

“စစ်တပ်က မုန်းမြို့ ပြန်သိမ်းမိပြီဆိုပြီး ဝါဒဖြန့်နေတယ်။ ထုံးစံအတိုင်း သူတို့ဝါဒဖြန့်တာပါ။ ကျနော်တို့ သိမ်းပိုက်ထားပြီးသား၊ နယ်မြေရှင်းလင်းပြီးသား ဘာမှမရှိတော့တဲ့ တပ်စခန်းတခုကို တနေ့လုံး လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်၊ ရဟတ်ယာဉ်နဲ့ အင်အားတချို့လာချသွားပြီး ဓါတ်ပုံရိုက်ယူတယ်။ အဲဒီစစ်ကြောင်း၊ အဲဒီအဖွဲ့တွေလည်း ကျနော်တို့ဆီ လက်နက်ချမလား ချေမှုန်းခံမလားလို့ မေးထားတယ်။ ဒါပဲသူတို့ရွေးရမှာ။ မုန်းနယ်မြေ ကို ရန်သူ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှု အားပြုပြီး ပြန်လည်ထိန်းချုပ်နိုင်ဖို့တော့ ကြိုးစားနေတုန်းပါပဲ။ လက်ရှိအချိန်ထိ မုန်းနယ်ကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက ကောင်းကောင်း ထိန်းချုပ်နိုင်ဆဲပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းထားပြီးသား တပ်ရင်းရှေ့တွင် ဓာတ်ပုံရိုက်၍ ဝါဒဖြန့်နေသည့် စစ်တပ်စစ်ကြောင်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *