ဆိပ်ဖြူမြို့နယ်ရှိ ကန်ဇွန်းမရခစခန်းကိုဝင်လုံး(ရုပ်သံ)

ဆိပ်ဖြူမြို့နယ်ရှိ ကန်ဇွန်းမရဲစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်

စစ်သားနဲ့ ရဲ ၇ ဉီး သေဆုံး (ရုပ်/သံ)

ဒီဇင်ဘာ ၅ ရက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကန်ဇွန်းမရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်း တိုက်ခိုက် ရာ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲ ၇ ဦးသေဆုံးခဲ့တယ်လို့ MDF-Special Force မှ သတင်းရရှိပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၆ နာရီခန့်က ဆိပ်ဖြူမြို့နယ်ရှိ ကန်ဇွန်းမရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဉီး၊ ရဲ ၂ ဉီးသေဆုံးပြီး ၁၅ ဉီး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

“ဆိပ်ဖြူမြို့နယ် ကန်ဇွန်းမရဲစခန်းကို ဆိပ်ဖြူဘာမထီ ဒေသ ကာကွယ်ရေး တပ်ဖွဲ့နဲ့ မဟာမိတ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ အဲရဲစခန်းက စစ်တပ်အခြေစိုက် တပ် ၄ ၀န်းရံထားတဲ့ စခန်းပါ။ ရဲခွေး ၂ ကောင်နဲ့ စစ်ခွေး ၅ ကောင် သေတယ်။ ၁၅ကောင် ဒဏ်ရာ ပြင်းထန်းတယ်။ တိုက်ပွဲကြာချိန်က ၁ နာရီခွဲပါ” ဟု ဆိပ်ဖြူဘာမထီ ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

တိုက်ခိုက်မှု အတွင်း ရဲစခန်းအတွင်းရှိ နယ်ထိန်း အိမ်နဲ့ အဆောက်အဦး တချို့ကို ရှင်းလင်းခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ လာနိုင်သည့်အတွက်ကြောင့် ရဲစခန်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်မှု မပြုလုပ်ဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်ရေးကို ပခုက္ကူခရိုင်အမှတ် (၄၊၁၁၊၁၉) တပ်ရင်းများ၊ မင်းဘူးခရိုင်အမှတ် (၁၊၂၊၄၊၅၊၆၊၇) တပ်ရင်းများ၊ Myanmar Defence Force (Special Force-လင်းယုန် စစ်ကြောင်း)၊ ချောက် PDF သခင်ဖိုးလှကြီး တပ်ခွဲ ပူးပေါင်းအင်အားများမှ ပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရ ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *