ငပုတို့အကြံကုန်နေပြီနော် အကျပ်ရိုက်နေပြီ

ရန်ကုန်ပင်လယ်၀တွင် စက်သုံးဆီတင်သင်္ဘော ၁၁ စီး ဆိုက်ရောက်လာသော်လည်း ငွေ မချေသေး၍ ဆီမချသေး ၊ စစ်ကောင်စီကလည်း ဒေါ်လာ ရောင်းမပေးတော့၍ ဆီတင်သွင်းသူများ အကျပ်တွေ့နေ

ဒီဇင်ဘာလ ၆ ရက်

ရန်ကုန်မြစ်၀တွင် စက်သုံးဆီတင်သင်္ဘော ၁၁ စီး ဆိုက်ရောက်လာသော်လည်း ငွေမချေသေး၍ မြစ်၀တွင် ဆီချရန် စောင့်ဆိုင်းနေကြောင်း စက်သုံးဆီ တင်သွင်းနေသည့် လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ရန်ကုန်ပင်လယ်၀တွင် စင်ကာပူနှင့် မလေးရှာမှ လာသည့် ဆီတင်သင်္ဘော ၁၁ စီး ဆိုက်ရောက်လာပြီး ငွေအကျေ မချေသေး၍ ဆီချရန် စောင့်ဆိုင်းနေကြောင်း သိရှိရသည်။

ရန်ကုန်ပင်လယ်၀သို့ ရောက်ရှိလာသော ဆီတင်သင်္ဘော ၁၁ စီးမှာ မလေးရှားမှ လာသော ဆီတင်သင်္ဘော Super Hero ၊ စင်ကာပူမှ လာသော AULAC VISION ဆီတင်သင်္ဘော၊ စင်ကာပူမှ လာသော ဆီတင်သင်္ဘော DAI PHU၊ စင်ကာပူမှ လာသော AULAC DAIMOND ဆီတင်သင်္ဘော ၊ စင်ကာပူမှ လာသော ဆီတင်သင်္ဘော BOWMORE ၊ မလေးရှားမှ လာသော ဆီတင်သင်္ဘော DOLPHIN 06၊

စင်ကာပူမှ လာသော YU DONG ဆီတင်သင်္ဘော ၊ စင်ကာပူမှ လာသော ဆီတင်သင်္ဘော DING HENG 36 ၊ စင်ကာပူမှ လာသော NENG YUAN 12 ၊ စင်ကာပူမှ လာသော ဆီတင်သင်္ဘော LYNX SATU ၊ မလေးရှားမှ လာသော ဆီတင်သင်္ဘော BAUHINIA တို့ဖြစ်ကြောင်း သိရှိရသည်။

“ဟုတ်တယ်။ ငွေမရှိတာ။ ဆီက ရောက်နေပြီ။ အဓိက ငွေ။ ဒေါ်လာကို ပြင်ပပေါက်စျေး၊ အပြင်စျေးနဲ့ ဝယ်ပြီးရင်ကော‌ စက်သုံးဆီစျေးနှုန်းကို စွမ်းအင်ဝန်ကြီးဌာန၊ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကပဲ သတ်မှတ် ကြီးကြပ်မှာလား ၊ လွတ်လွတ်လပ်လပ် စျေးဖွင့်ရောင်းခွင့်ပေးမှာလား အဲဒါ မရှင်းလင်းသေးတာ။ အဲဒီတော့ ဘယ်သူမှ ဘာမှ မလုပ်ရဲသေးဘူး။ အကုန် အခြေအနေစောင့်ကြည့်နေကြတာ” ဟု ဆီတင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်ပြီး စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာစျေးကို ရည်ညွှန်စျေး မသတ်မှတ်တော့ဘဲ စျေးကွက်ပေါက်စျေး အတိုင်း အရောင်းအဝယ်ပြုလုပ်နိုင်ကြောင်း ကြေညာခဲ့သည်။

ဓာတ်ပုံ- သီလဝါ Terminal တွင် ယမန်နေ့ညပိုင်း ဆီထုတ်ရန် စောင့်ဆိုင်းနေကြသည့် ဆီဘောက်ဆာ ယာဉ်မောင်းများ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *