လောက်ကိုင်မြို့ထဲရောက်နေကြပြီနော် (ရုပ်သံ)

လောက်ကိုင်မြို့အနီးရှိ လေးမျက်နှာဘုရားရှိ စစ်ကောင်စီတပ်စခန်း MNDAA သိမ်းပိုက်

ဒီဇင်ဘာ ၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့အနီးရှိ တာရင်တောင်၊ ရှောက်ရင်တောင် (အရပ်လေးမျက်နှာဘုရား)မှ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် MNDAAက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လောက်ကိုင်မြို့အနီးရှိ စစ်ကောင်စီတပ်၏ လေးမျက်နှာဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို MNDAAက ဒီဇင်ဘာလ (၃)ရက်နေ့ကစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်စခန်းကို စစ်ကောင်စီက အခိုင်အမာတည်ဆောက်ထားပြီး စစ်ကောင်စီတပ်ဘက်က အင်အားများပြားသဖြင့် တိုက်ပွဲမှာ ဒီဇင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေပိုင်းတွင် MNDAAတပ်များသည် ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်နားခဲ့ပြီး‌နောက် ယနေ့ ဒီဇင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ (၅)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လောက်ကိုင်၏မြောက်ဘက်ခြမ်း ရှီးရှမ်းဒေသ၊ ရှောက်ကိုင်ရွာအုပ်စုတလျှောက်တွင်လည်း MNDAAသည် ကုန်းကြမ်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *