စခအုပ်စုတပ်စွဲထားတဲ့ ရခစခန်းနဲ့ စရဖရုံးကို ဝင်ဆော် (ရုပ်သံ)

စစ်အုပ်စုတပ်စွဲထားတဲ့ ရဲစခန်းနဲ့ စရဖရုံးကို လောင်းလုံးPDFဝင်ရောက်စီးနင်း (ရုပ်သံ)

ဒီဇင်ဘာ ၇ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်က အကြမ်းဖက်စစ်အုပ်စုတပ်စွဲထားတဲ့ ရဲစခန်းနဲ့ စရဖရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးPDF ပြန်ကြားရေးတာဝန်ခံ ကိုအုန်းအုန်းက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။

ယမန်နေ့မနက် ၄နာရီခွဲအချိန်က အကြမ်းဖက်စစ်အုပ်စု တပ်ထိုင်ထားတဲ့ မြို့မရဲစခန်းနဲ့ စရဖရုံးတွေကို လျှတ်တပြတ် ဝင်ရောက်စီးနင်းခဲ့ရာ အကြမ်းဖက်စစ်သား၂ယောက်သေဆုံးခဲ့ပြီး ၂ယောက်အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။

“တိုက်ပွဲဖြစ်ပွါးတဲ့ချိန် စရဖ မှာ စခ၁၅ယောက်ခန့် နှင့်မြို့မရဲစခန်းမှာ ၂၀ ကျော်ရှိတယ် ခင်ဗျား။တပြိုင်ထဲဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ စခ၂ကောင်သေ၊ ၂ကောင်းအပြင်းအထန်ဒဏ်ရာရသွားတာအတည်ပြုလို့ရပါတယ်”လို့လောင်းလုံးPDFတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

တိုက်ပွဲကြာချိန် မိနစ်၃၀ကြာမြင့်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိပြန်ဆုတ်လာနိုင်ခဲ့သလို တစ်နိုင်ငံလုံး စစ်ရေးအရှိန်မြင့် ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် တိုက်ပွဲများ အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် အတွက် စစ်ရေး သတိဖြင့် သွားလာ နေထိုင်ကြပါရန် လောင်းလုံး PDFဘက်က သတိပေးထားပါတယ်။

အထက်ပါမစ်ရှင်ကိုတော့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF နှင့် ထားဝယ်နဂါးတပ်ခွဲ ၅ တို့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *