သင်တန်းဆင်းပဲရှိသေးတယ်လက်စွမ်းပြနေကြပြီ

သံဖြူဇရပ်က သက္ကော့လမ်း၀ဂိတ်ကို ဒရုန်းသင်တန်းဆင်းပွဲအပြီး လက်တွေ့လေ့ကျင့်မှုအနေနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ…

ဒီဇင်ဘာ ၈ ရက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ သက္ကော့လမ်း၀ဂိတ်ကို ဒရုန်းသင်တန်းဆင်းပွဲအပြီး လက်တွေ့လေ့ကျင့်မှုအနေနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရသွားတယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့က ဒရုန်းသင်တန်းဆင်းပွဲနဲ့အတူ လက်တွေ့လေ့ကျင့်ခန်းအဖြစ်တဲ့ စစ်ကောင်စီရဲ့ သံဖြူဇရပ် သက္ကော့လမ်း၀ ဂိတ်ကို ဒရုန်းသင်တန်းသားရဲဘော်များက ဒရုန်းဗုံးသီး (၃)လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေပြီး ၈ ဦး ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဘက်ကလည်း လက်နက်ကြီးကျည် (၂၁) လုံးခန့် ရမ်းသန်ပစ်ခတ်မှုများကြောင့် ရေး ၊ သံဖြူဇရပ် လမ်းမအချို့ပျက်စီးခဲ့ပြီး လူနေအိမ်အချို့ ထိမှန်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *