Denko ဆီဆိုင်လက်ဝှေ့ပွဲ(ရုပ်သံ)

Denko ဆီဆိုင်တွင် ဆီတန်းစီသူကို ဆိုင်မန်နေဂျာနဲ့ ဝန်ထမ်း ၂ ဦးက ဝိုင်းထိုးမှုဖြစ်ပွါး (ရုပ်သံ)

ဒီဇင်ဘာလ ၈ ရက်

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဦးဝီဇာရလမ်းပေါ်ရှိ Denko ဆီဆိုင်တွင် ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းက ဆီလာတန်းဆီသူနှင့် ဆီဆိုင်မန်နေဂျာတို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တော်လှန်ရေး ပန်းခြံရှေ့ရှိ ဦးဝီဇာရလမ်းပေါ်က ဒန်ကို ဆီဆိုင်မှာ ည ၁၁ နာရီခွဲခန့်တွင် ဆီလာတန်းစီသူနှင့် ဆိုင်မန်နေဂျာတို့ စကားများရာကနေတဆင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ဆိုင်ဝန်ထမ်းများက ဝိုင်းထိုးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံဆီတန်စီးသူများထံမှ သိရသည်။

“ ရုပ်သံဖိုင်တက်လာမှသိရတာပါ။ အဲ့နားမှာ ရန်ဖြစ်တယ်ပဲသိလာတာ ကျွန်တော်တို့က ဒီဘက် ဟိုတယ်ဘက်ခြမ်းမှာ စောင့်နေတာဆိုတော့ ဘယ်တွေဖြစ်တယ်ဆိုတာ မသိလိုက်ဘူး။ ရန်ဖြစ်သွားတာတော့ ဟုတ်တယ်”ဟု အငှားယာဉ်မောင်းနှင်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

လူမှုကွန်ရက်ပေါ်ပျံနှံလာသည့် ရုပ်သံဖိုင်ထဲတွင် အမျိုးသား ၂ ဦးစတင်ခိုက်ရန်ဖြစ်ပွားပြီးနောက် Denko ဆီဆိုင် ယူနီဖောင်းဝတ်အမျိုးသား ၂ ဦးမှာ ဝိုင်းဝန်းထိုးနှက်မှုများပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

ခိုက်ရန်ဖြစ်ပွားချိန်တွင် အနီးနားရှိ စက်သုံးဆီတန်းစီသူများ ဝိုင်းဝန်ဖြန်ဖြေပေးမှုကြောင့် ရန်ပွဲမှာ မိနစ်ပိုင်းအတွင်း ပြီးသွားခဲ့သလို ထိခိုက်မှုကြီးကြီးမားမားမရှိခဲ့ကြောင်း သိရသည်။

ဒန်ကို ဆီဆိုင်သည် ဦးချစ်ခိုင် ပိုင်ဆိုင်သည့် ဧဒင်ဂရုလက်အောက်ရှိ ကုမ္ပဏီတစ်ခုဖြစ်ပြီး ဦးချစ်ခိုင်ကို စစ်ကောင်စီတပ်က ဧပြီလ ၂၅ ရက်နေ့က အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့သည်။

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ကြီးများတွင် ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်ပြီး စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်လာပြီးနောက်ပိုင်း ဆီဆိုင်များတွင် စက်သုံးဆီတန်းစီစောင့်ရမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *