ကြယ်တွေကြွေတဲ့စခန်းသိမ်းပွဲတွေလည်းရှိတယ်(ရုပ်သံ)

ချင်းပြည်နယ် ကလေးမြို့ ရန်ကြီးအောင် စခန်းသိမ်းတိုက်ပွဲ ရုပ်သံဖိုင် Chinland Defense Force, Kalay-Kabaw-Gangawရဲ့ သတင်းပြန်ကြားရေး ထုတ်ပြန်

ဒီဇင်ဘာ ၈ ရက်

ကလေးမြို့တောင်ပိုင်း CDF KKG တပ်ရင်း အမှတ် (၃) စစ်ရေးလှုပ်ရှားမှု နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ရန်ကြီးအောင် စခန်းကို ချင်းတော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဉီးသေဆုံးပြီး ၁၇ ဉီးအရှင်ဖမ်းမိခဲ့ကာ လက်နက်ကြီး လက်နက်ငယ်အမျိုးအစား ၃၆ လက်နဲ့ ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

CDF KKG မှ ရဲဘော် ၁ ဉီး၊ CDNF မှ ရဲဘော် ၁ ဉီး တိုက်ပွဲအတွင်း အသက်ပေးဆပ်ခဲ့ပြီး CDF KKG မှ ရဲဘော် ၁ဉီး၊ မြို့နယ် ပကဖမှ ရဲဘော် ၂ဉီးနဲ့ အခြားပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော် ၄ ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *