“စနစ်ကိုပြင်တာပါတဲ့ လူလူချင်းမမုန်းပါဘူးတဲ့”(ရုပ်သံ)

မုန်းမြို့သိမ်းတိုက်ပွဲတွင် လက်နက်ချသည့် စစ်သားများနှင့်မိသားစုဝင်များကို စစ်တပ်က လေယာဉ်ဖြင့် လိုက်လံပစ်ခတ်သဖြင့် ကယ်ထုတ်ရ (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၈

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ချသည့် စစ်သားများနှင့်မိသားစုဝင်များကို စစ်တပ်က လေယာဉ်ဖြင့် လိုက်လံပစ်ခတ်သဖြင့် ကယ်ထုတ်ရကြောင်း Royal Peacock Colunm-P29913 တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းမှ တိုက်ခိုက်ခံရသူများမှာ ပြည်သူ့ကာကွယ်ရေးတပ်များထံတွင် လက်နက်ချ အလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များအပြင် မိသားစုဝင်များ၊ ကလေးသူငယ်များ၊ အမျိုသမီးများ၊ သက်ကြီးရွယ်အိုများလည်းပါရှိပြီး ဘေးကင်းစေရာသို့ ရွှေ့ ပြောင်းကယ်တင်ပေးခဲ့ရကြောင်း သိရသည်။

“မုန်းမြို့ တပ်ရင်းတွေကို သိမ်းတဲ့တိုက်ပွဲမှာ ကျနော်တို့ဘက်ကို လက်နက်ချ အညံ့ခံလာတဲ့ တပ်ဖွဲ့ ဝင်တွေနဲ့ မိသားစုတွေရှိတာပေါ့၊ အဲဒီမှာ ရန်သူ့လေကြောင်းကနေ ဒီလူတွေကို လိုက်ပြီးတိုက်ခိုက် တာပါ၊ ဒါကို ကျနော်တို့က ကယ်တင်ပြီး လေးလွတ်ရာကို ခေါ်ခဲ့ပေးတာပါ၊” ဟု Royal Peacok Colunm-P29913 တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်တပ်မိသားစုဝင်များတွင် ကလေးငယ်များ၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများပါမချန် လူမဆန်စွာ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း Royal Peacock Column တာဝန်ရှိသူက ဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *