မန္တလေးနဲ့ စစ်ကိုင်းကတော့အလုပ်နဲ့သက်သေပြ(ရုပ်သံ)

မန္တလေးနဲ့ စစ်ကိုင်းအတွင်းရှိ အကြမ်းဖက်စစ်သားတွေကို No More Dictatorship People Defence Force _ NMD အဖွဲ့ တိုက်ခိုက်

++++++++++++++++++++++++

ဒီဇင်ဘာ ၈ ရက်

မန္တလေးတိုင်း အမရပူရမြို့နယ် လဝကရုံးရှိ အရပ်ဝတ်နဲ့ ကင်းယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၇ ရက် နံနက် ၆ နာရီခန့် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force _ NMD မှ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၅ ရက် ည ၈ နာရီခန့်က စစ်ကိုင်းမြို့နယ် ဗဒူကျေးရွာအတွင်း အကြမ်းဖက် စစ်သားတွေ အထိုင်ချတပ်စွဲထားတဲ့ နေရာအား ဒေသခံ ပကဖ၊ SSTF ၊ ဒေသခံတော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းပြီး ရော့ခ်ကတ် ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက် နံနက် ၆ နာရီကလည်း မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ရှမ်းလေးကျွန်းနဲ့ သံသေကပ်ကျော်ဘုရားအနီး ကန်ပတ်လမ်းထောင့်ရှိ အကြမ်းဖက်စစ်သားတွေကို အဝေးထိန်း မိုင်းနဲ့ တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း စစ်သားများ တွေ့ရှိသိမ်းဆည်းသွားပြီး တက်သေးအင်းနတ်နန်းအနီးမှာ ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *