ဂျပန်လွှတ်တော်တွင် မြန်မာ့အရေး အခြေအနေများ၊ အမေရိကန်အစိုးရ၏ မြန်မာ့မူဝါဒဆိုင်ရာများနှင့်ပတ်သက်ပြီး ဒေါက်တာမီမီဝင်းဘတ် ဆွေးနွေး
ရန်ကုန်၊ ဒီဇင်ဘာ ၈
ဂျပန်လွှတ်တော်တွင် မြန်မာ့အရေး အခြေအနေများ၊ အမေရိကန်အစိုးရ၏ မြန်မာ့မူဝါဒဆိုင်ရာများနှင့်ပတ်သက်ပြီး ဒေါက်တာမီမီဝင်းဘတ် ဆွေးနွေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ လုံခြုံရေးဆိုင်ရာ အာရှပစိဖိတ်လေ့လာရေးဌာန၊ အမေရိကန်ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)၊ ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ်က ဒီဇင်ဘာလ ၈ ရက်နေ့ သောကြာနေ့မနက် ၈ နာရီ တွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ ရှေ့အလားအလာ များ ၊ အမေရိကန်အစိုးရ၏ မြန်မာ့အရေးဆိုင်ရာမူဝါဒများ နှင့် စပ်လျဉ်းပြီး ဂျပန်လွှတ်တော်ရုံးတွင်း မြန်မာ့အရေးဟောပြောပွဲကို ကျင်းပပြုလုပ်ကြောင်း၊ လွှတ်တော်တွင်း ကြားနာပွဲသို့ ဂျပန်လွှတ်တော်အမတ်များ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဂျပန်မီဒီယာများ၊ မြန်မာ့အရေး ကို အားပေးထောက်ခံသော ဂျပန်လူမျိုးများနှင့် မြန်မာလူမျိုးများ တက်ရောက်ခဲ့ပြီး သိလိုသောမေးခွန်းများကို ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ် နှင့် ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရှိရသည်။