သနားပါတယ်ဟယ် အနိုင်ကျင့်ခံနေရတာ

လူမှုကွန်ရက်များမှတစ်ဆင့် စစ်တပ်ပြိုကွဲစေရန်နှင့် အင်အားချိနဲ့စေရန် လှုံ့ဆော်ခံနေရဟု အကြမ်းဖက် မင်းအောင်လှိုင် ပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ ၈

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က လူမှုကွန်ရက်များမှတစ်ဆင့် စစ်တပ်ပြိုကွဲစေရန်နှင့် အင်အားချိနဲ့စေရန် လုပ်ဆောင်ခံနေရသဖြင့် သတိထားကြရန် ယနေ့ ပြုလုပ်သည့် ပြင်ဦးလွင် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၆၅ သင်တန်းဆင်းပွဲတွင် ပြောဆိုသွားသည်။

စစ်ကောင်စီကို မလိုလားသည့် လူမှုအဖွဲ့အစည်းများ၊ လက်နက်ကိုင်တပ်ဖွဲ့များက လူမှုကွန်ရက်များ အသုံးပြု၍ စစ်တပ်ပြိုကွဲစေရန်နှင့် အင်အား နည်းပါးစေရန် လှုံ့ဆော်နေကြကြောင်း၊ စစ်တပ်ထဲတွင် စည်းလုံးညီညွတ်နေလျှင် မည်သူကမှ ပြိုကွဲအောင် မလုပ်ဆောင်နိုင်ကြောင်း၊ တပ်တွင်း စည်းလုံးညီညွတ်ရေးနှင့် တပ်ပြင်ပ စည်းလုံးညီညွတ်ရေး အရေးကြီးကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင်က ပြောဆိုသွားသည်။

“ယနေ့ခေတ်ကာလမှာ ဆက်သွယ်ရေးကွန်ရက်တွေကို လွယ်လင့်တကူသုံးစွဲနိုင်လာတာကြောင့် တို့တပ်မတော်ကို မလိုလားတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူတွေဟာ လူမှုကွန်ရက်တွေက တစ်ဆင့် သွေးထိုးလှုံ့ဆော်မှုတွေ၊ တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းတု သတင်းအမှားတွေကို လုပ်ကြံထုတ်လွှင့်ပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေဖို့ တပ်တွင်းစည်းလုံးညီညွတ်ရေးပြိုကွဲစေဖို့နဲ့ တပ်မတော်ရဲ့ အင်အားချိနဲ့စေဖို့ လုပ်ဆောင်လျက်ရှိတယ်။ ဒီလိုလုပ်ဆောင်မှုတွေရှိနေပေမယ့်လည်း တပ်မတော်တွင်း စည်းလုံးညီညွတ်မှုရှိနေရင် မည်သူမှ တပ်မတော်ကို ထိပါး မရပါဘူး” ဟု မင်းအောင်လှိုင်က ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ကျစ်လျစ်သေချာစွာ တည်ဆောက်နေပြီး တပ်ပြင်ပ စည်းလုံးညီညွတ်ရေးကိုလည်း ဦးစားပေး လုပ်ဆောင်နေကြောင်း မင်းအောင်လှိုင်က ဆိုသည်။

NLD အစိုးရက မဲမသမာမှု လုပ်၍ လက်ရှိ စစ်တပ်က အာဏာရယူထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရေး အဓိက ထားလုပ်ဆောင်မည်ဖြစ်ကြောင်း၊ မည်သည့်နယ်မြေမှ မကျန်ရစ်စေဘဲ ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *