ရွှေဖီဦးလက်ဖက်ရည်ထုပ်တွေကျန်ခဲ့ပြီ လာပြန်ယူကြအုန်း

ဗန်းမောက်တွင် စစ်ကောင်စီနှင့် ရှမ်းနီတပ်စွဲထားသော အဓိက စခန်းကို PDFတိုက်ခိုက်သိမ်းပိုက်

ဒီဇင်ဘာလ ၈ ရက်

ဗန်းမောက်-ပင်လည်ဘူး ထိစပ်ဒေသမှ စစ်ကောင်စီနှင့် ရှမ်းနီအဖွဲ့(SNA)တပ်စွဲထားသော အဓိက စခန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ဗန်းမောက်မြို့နယ်အတွင်းရှိ ပင်ဟင်းခါးရွာမှ အဆိုပါ စခန်းကို ဗန်းမောက်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေး ရဲဘော်များက ယခု ဒီဇင်ဘာလ ပထမလပတ်အတွင်းတိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်​ကြောင်း PDF အချို့က​ပြောသည်။

” အရမ်းတောင် မတိုက်လိုက်ရဘူး။ အကုန်ထွက်ပြေးတာ။ ခြင်းကျားတွေလည်း တွေ့တယ်။ ရွှေဖီဦးလက်ဖက်ရည်ထုပ်တွေလည်း ကျန်ခဲ့တယ်။ ပြန်ခံမတိုက်ဘဲ ပြေးကြတာ” ဟု ဗန်းမောက်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ပင်ဟင်းခါးရွာသည် ပင်လည်ဘူးနှင့် ဟုမ္မလင်းမြို့သို့ သွားသည့်အဓိက လမ်းပိုင်း၌ ရှိနေပြီး စစ်ကောင်စီနှင့် ရှမ်းနီအဖွဲ့(SNA)တပ်ဖွဲ့ဝင် ၂၀ ခန့်က ခြောက်လခန့်ကြာ တပ်စွဲထားသည့်နေရာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှသတင်းရရှိသည်။

” ဒီစခန်းကို ရလိုက်တာ ဗျူဟာကျတဲ့ အဓိကစခန်းကို

ရလိုက်သလိုပဲ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *