လမ်းမှာတောင်းစားနေတဲ့ စခတွေကိုဆော်(ရုပ်သံ)

တနင်္သာရီမြို့ ရေဖြူကျေးရွာအနီး ခရီးသည်တင်ကားတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် (ရုပ်/သံ)

++++++++++++++++++++

ဒီဇင်ဘာ ၁၁ ရက်

တနင်္သာရီမြို့ ရေဖြူကျေးရွာ စစ်ကောင်စီဗျူဟာအနီး ကမ္ဘောဇဆီအုန်းကုမ္ပဏီရှေ့မှာ ခရီးသည် တင်ကားတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲက တိုက်ခိုက်ခဲ့တယ်လို့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းမှ သတင်းရရှိပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဉီးသေဆုံးပြီး ၁ ဉီး ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို S B A စစ်ကြောင်းဖြစ်တဲ့ Kaw Thoolei Armyထီးစဲ့မယ်ရွာတပ်ရင်း၊ ခွဲ -3 နဲ့ ညီနောင်တပ်ဖွဲ့များဖြစ်တဲ့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်း၊ People liberation army

တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *