ယင်းမာပင်မှာ ပြည်သူအကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်နေပြီ(ရုပ်သံ)

ဒေသခံလူထု သွားလာဆက်သွယ်ရေး အဆင်ပြေစေဖို့ ယမားချောင်းကို ပရဟိတအဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ ချောင်းကူးကားလမ်းခင်းပေး (ရုပ်/သံ)

ဒီဇင်ဘာ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ဒေသခံလူထု သွားလာဆက်သွယ်ရေး အဆင်ပြေစေဖို့ ယမား ချောင်းကို ပရဟိတအသင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ချောင်းကူးကားလမ်းခင်းပေးခဲ့တယ်လို့ သိရပါတယ်။

မဟာမိတ်အဖွဲ့များဖြစ်ကြတဲ့ အနာဂါတ်ကြယ်လေးများပရဟိတအသင်း၊မဟူရာဒေါင်းမင်း PDF၊ PDA(ယင်းမာပင်ခရိုင်တပ်ရင်း၃၅)၊Brother Defense Force B.D.F၊ Black Shadow PDF(ADPRAခွဲ၂)၊ကိုမိုးကြိုး(မုံရွာ ပ.က.ဖ)နှင့် ADPRA(ယင်းမာပင်ခရိုင်တပ်ရင်း၃၀)တို့က ပူး ပေါင်း ဆောင်ရွက်ပေးခဲ့ကြပြီး လမ်းခင်းရန်အတွက် ခန့်မှန်းကုန်ကျငွေ သိန်း ၅၀ ကျပ် ကုန်ကျခဲ့ပြီး မတည်ငွေ သိန်း ၃၀ ကျပ်ရရှိထားပြီး လိုအပ်နေတဲ့ သိန်း ၂၀ ကျပ်အား ပြည်သူများအနေနဲ့ ပါဝင်အားဖြည့်ကူညီပေးနိုင် ပါရန် နှိုးဆော်အပ်ပါကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *