မင်းဂုတ်ကျေးရွာမှာရှိတဲ့ ပျူတွေကိုဆော်(ရုပ်သံ)

မြိတ်ခရိုင် ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာမှာရှိတဲ့ ပျူစောထီးကင်းစခန်းအား တိုက်ခိုက်မှု စစ်သား ၈ ဉီးသေဆုံးပြီး ၄ ဉီး ဒဏ်ရာရ (ရုပ်/သံ)

ဒီဇင်ဘာ ၁၁ ရက်

တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် မင်းဂုဏ်ကျေးရွာ အခြေစိုက် ပျူစောထီးကင်းစခန်း အား ဒီဇင်ဘာ ၈ ရက် နံနက် ၆ နာရီခွဲဝန်းကျင်ခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂)မှ သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၈ ဉီးသေဆုံးပြီး ၄ ဉီး ဒဏ်ရာရရှိကာ ပျူစောထီး ၁ ဉီး ဖမ်းမိခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။

ကျွန်းစုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာပြည်သူများကို မဲစနစ်နဲ့ စစ်မှုမထမ်း မနေရ ဖိအားပေးစေခိုင်းနေပြီး စစ်ကောင်စီအလိုအကျဆောင်ရွက်နေကြရတယ်လို့ သိရပါတယ်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂) တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(People’s Defense Forces – Myeik District) တပ်ရင်း-၂ (တပ်ခွဲ-၂)၊ တနင်္သာရီတိုင်းစစ်ဆင်ရေးဌာန ဒရုန်းလက်ရုန်းတပ်ဖွဲ့ (Dragon Squad – TNI)၊ တနင်္သာရီမြို့နယ်(ပ.က.ဖ)၊ ကျွန်းစုမြို့နယ်(ပ.က.ဖ)၊ ပုလောမြို့နယ်(ပ.က.ဖ)၊ တို့နဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဆက်စပ်နေတဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေးပစ်မှတ်တွေကို ပြင်းပြင်း ထန်ထန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *