ဒီထက်ဝမ်းသာစရာဘာရှိအုန်းမလဲ

၁၀၂၇ စစ်ဆင်ရေး စချိန်က ရည်မှန်းချက်အတိုင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဆက်လက် ဆောင်ရွက် နေဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

ဒီဇင်ဘာလ ၁၂ ရက်

ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း ၄ခုနှင့် ချင်းပြည်နယ် ပလက်၀ရှိ စစ်ကောင်စီ တပ်စခန်း ၁ခုတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်း(TNLA)၊ ရက္ခိုင်(AA)နှင့် ကိုးကန့် (MNDAA) ညီနောင်မဟာမိတ် ၃ဖွဲ့က ယမန်နေ့ညသန်​ခေါင်ယံတွင် သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ၄၆ရက်နေ့ တိုက်ပွဲသတင်းများကို စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးစတင်သည့်

အချိန်ကတည်းကထုတ်ပြန်ထားသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ ပြည့်ဝစေရန် နှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတို့အတွက် မိမိတို့ ညီနောင်မဟာမိတ်သုံးဖွဲ့သည် တစ်ရက်မျှရပ်နားခြင်းမရှိဘဲ အရှိန်အဟုန်မပျက် ဆင်နွှဲလျက်ရှိသည်ဟု အသိပေးထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *