စင်ကာပူတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား များ ဝင်ငွေခွန်မဆောင်ပါက Passport သက်တမ်းတိုးမပေးဟု မြန်မာသံရုံးထုတ်ပြန်

စင်ကာပူတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား များ ဝင်ငွေခွန်မဆောင်ပါက Passport သက်တမ်းတိုးမပေးဟု မြန်မာသံရုံးထုတ်ပြန်

မော်လမြိုင် ဒီဇင်ဘာ ၁၁ ။

PJနှင့် PB နိုင်ငံကူးလက်မှတ်(Passport )အမျိုးအစားကိုက်ဆောင်ထားသည့် စင်ကာပူရောက်မြန်မာနိုင်ငံသားများ မနက်ဖြန် ဒီဇင်ဘာ ၁၂ ရက်နေ့မှစတင်ပြီး ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပြီး မပေးဆောင်ပါက Passport သက်တမ်းတိုးခြင်းအပါအဝင် သံရုံးကိစ္စရပ်များ လုပ်ဆောင်ပေးမည်မဟုတ်ဟု စင်ကာပူရှိ မြန်မာသံရုံးကယနေ့ထုတ်ပြန်သည်။

အောက်တိုဘာကစပြီး လာရောက်ဆောင်ရွက်သည့်ကာလအထိ ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ စင်ကာပူရှိ မြန်မာသံရုံးတွင် Passport သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နေထိုင်ခွင့်အမျိုးအစားပေါ်မူတည်၍ သတ်မှတ်နှုန်းအပေါ် လစဉ် ၂ ရာနှုန်း အခွန်ပေးဆောင်ရမည်ဖြစ်သည်။

Student Pass ကိုင်ဆောင်ထားသူများအနေဖြင့် ကျောင်းထောက်ခံစာပြပြီး ဝင်ငွေခွန်ကင်းလွတ်မည်ဟု သံရုံးက ဆိုသည်။

Student Pass ကိုင်ဆောင်ထားသူများသည် အခွန်ထမ်းသူ၏ ဇနီး၊ခင်ပွန်း၊ မိဘ၊ သားသမီးများအား အိမ်ထောင်စုစာရင်း၊ လက်ထပ်စာချုပ်များပြပါက သက်တမ်းတိုးပေးမည်ဟု သံရုံးကအသိပေးထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *