မိုမိုအကောင်၃၀တဲ့ ဝမ်သာပီတိဂွမ်းဆီထိ

ပဲခူးတိုင်းတွင် စစ်ကောင်စီလက်အောက်မှ ဆင်အကောင် ၃၀ခန့်နှင့် ဆင်ဝန်ထမ်းမိသား စု ၉၀ကျော် PDF ထံအလင်းဝင်

ဒီဇင်ဘာ ၁၂ ရက်

ပဲခူးတိုင်းအနောက်ခြမ်းရှိ စစ်ကောင်စီ​၏ သစ်တောဦးစီးဌာနမှ ဆင်နှင့် ဆင်ဝန်ထမ်းအများအပြား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သာယာဝတီခရိုင် တပ်ရင်း(၃၈၀၁)ထံ အလင်းဝင်ရောက်ထားကြောင်း တပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

အလင်းဝင်ရောက်၍ ပြည်သူ့ဘက်ပူးပေါင်းလာသော ပြည်သူ့ဆင်အရေအတွက်မှာ အကောင် ၃၀ ခန့်ရှိပြီး ဆင်ထိန်း၊ ဆင်ဦးစီး၊ ပဲ့ချိတ်အပါအဝင် ဆင်ဝန်ထမ်းမိသားစု ၉၀ကျော်ရှိကြောင်း တပ်ရင်း ၃၈၀၁၏ စာရင်းများအရ သိရသည်။

PDFတပ်ဖွဲ့ထံ အလင်းဝင်လာသည့် ဆင်နှင့် ဆင်ဝန်ထမ်းမိသားစုများမှာ နတ်တလင်းမြို့နယ်အပိုင် ပဲခူးရိုးမရှိ ညောင်ဝိုင်းအထက်ဆင်ဝိုင်း၊ အောက်ဆင်ဝိုင်းနှင့် ပုစွန်ဆိတ်ဆင်ဝိုင်းများမှ ဖြစ်ပြီး တပ်ရင်း ၃၈၀၁ ၏ တပ်ခွဲ(၂)နှင့် တပ် ခွဲ(၃)တို့ထံဆက်သွယ်၍ ပြီးခဲ့သည့် စက် တင်ဘာနှင့် အောက်တိုဘာများတွင် CDM ပြု လုပ်လာခြင်း ဖြစ်သည်။

“တပ်ရင်း ၃၈၀၂ ရဲ့ ခွဲ(၂)ကျနော်တို့တပ်ခွဲနဲ့ တပ်ခွဲ(၃)နတ်စစ်သည် တပ်ခွဲတွေကို ချိတ် ဆက်ပြီး သူယုံကြည်ရာ ယုံကြည်ရာ ခိုလှုံလာတာပေါ့။ သူတို့အားလုံးကို ကျနော်တို့ တပ်ရင်း၊ တပ်ခွဲတွေကပဲ စားဝတ်နေရေးအပါ အဝင် အလုံးစုံတာဝန်ယူပေးထားပါတယ်။ ပြီးတော့ သူတို့ကို NUG အစိုးရရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှာ စာရင်းပေးသွင်းထားပါပြီ”ဟု တပ် ခွဲ-၂(Phoniex DF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် တပ်ရင်း (၃၈၀၁)လက်အောက်ခံတပ်ခွဲများတာဝန်ယူ စောင့်ရှောက်ပေးထားသည့် ဆင်နှင့် ဆင်ဝန်ထမ်းမိသားစုအရေ အတွက်မှာ တပ်ခွဲ(၂)တွင် ဆင်ကြီး ၁၃ကောင်နှင့် ဆင်ပေါက်တစ်ကောင်၊ ဆင်ဝန်ထမ်းမိသားစု ၄၀ ဦးကျော်နှင့် တပ်ခွဲ(၃)တွင် ဆင် ၁၅ကောင်ခန့်နှင့် ဆင်ဝန်ထမ်းမိသားစု ၅၀ ဦးကျော် အသီးသီးရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ CDM ဆင်များနှင့် ဆင်ဝန်ထမ်းမိသားစုများအား NUG အစိုးရထံ စာရင်းပေးသွင်းပြီးဖြစ်ရာ ပြီးခဲ့သည့် နိုဝင်ဘာတွင် ဆင်နှင့် ဆင် ဝန်ထမ်းများအတွက် တပ်ခွဲတစ်ခုလျှင် ကျပ်ဆယ်သိန်းစီ ထောက်ပံ့ငွေပေး အပ်ထားကြောင်း တပ်ရင်း ၃၈၀၁ လက်အောက်ခံ တပ်ခွဲများထံမှ စုံစမ်းသိရသည်။

စစ်ကောင်စီ သစ်တောဌာနအောက်မှ ဆင်ဝိုင်းများသို့ ပြီးခဲ့သည့် ဇူလိုင်မှစ၍ စစ်ကောင်စီက ရိုးမပေါ်မှ သစ်ထုတ်ရန် ဆင်နှင့်ဆင်ဝန်းထမ်းများခေါ်ယူရာမှစကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFထံ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး ယင်းအနက် ပုစွန် ဆိတ်ဆင်ဝိုင်းမှ ဆင်ဝန်ထမ်းငါးဦးခန့်နှင့် ဆင် ၂၉ ကောင်မှာ စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခေါ်ဆောင်ခြင်း ခံထားရသည်။

(PDF တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသော ဆင်များနှင့် ဆင်ဝန်ထမ်းအချို့အား ပဲခူးရိုးမတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *