ဒီတိုက်တွန်းချက်ကိုအမြန်လိုက်နာကြပါ

သွေးစွန်းမှုအနည်းဆုံးဖြစ်​စေရန် စစ်သားများအမြန်ဆုံးလက်နက်ချရန် KNDF ဥက္ကဌ တိုက်တွန်း

ဒီဇင်ဘာလ ၁၂ ရက်

သွေးစွန်းမှု အနည်းဆုံးဖြစ်စေရန် တပ်မတော်သားများအနေဖြင့် အမြန်ဆုံးလက်နက်ချဘက်ပြောင်းရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်းဘီထူးကတိုက်တွန်းပြောကြားလိုက်သည်။

ထိုအတွက် NUG အပါအဝင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်၌ ရပ်တည်နေတည့် ကာကွယ်ရေး တပ် နှင့် အုပ်ချုပ်ရေးဌာနဆိုင်ရာ အသီးသီးမှ ပြည်စုံ ကောင်းမွန်သည့် ဘက်ပြောင်းရေးအစီအမံတစ်ရပ်ကို ဖော်ဆောင်ထားသည်ဟု ၎င်းက ဆက်​ပြောသည်။

“အထူးသဖြင့် မြေပြင်မှာရှိနေတဲ့၊ဆုတ်ခွာနေတဲ့ တပ်မတော်သားတွေ၊အဝိုင်းခံနေရတဲ့ Non CDM တွေကို ဒီသတင်းစကားကို ကြားရင် ဘက်ပြောင်းကြဖို့ အထူးတလည် တိုက်တွန်းလိုပါတယ်။ဒီဘက်ပြောင်းရေးအစီအစဥ်မှာ အပိုင်းလေးပိုင်းပါ ပါတယ်။ပထမတစ်ပိုင်းသည် တပ်မတော်သားဖြစ်စေ၊ စစ်ကောင်စီအောက်မှာ ဝန်ထမ်းတာဝန်ကိုယူနေတဲ့ ပုဂ္ဂိုလ်များဖြစ်စေ ဆက်သွယ်ပြီးမှ ဘက်ပြောင်းနိုင်ဖို့ကို စီစဥ်ကြဖို့ အထူးတိုက်တွန်းလိုတယ်။

အကယ်၍ ဒီနေ့ ဒီအချိန်မှာ ဘက်ပြောင်းဖို့မရှိဘူးဆိုရင် ပြည်သူတပ်မတော်သားတွေဘက်က ချေမှုန်းမှုတွေ၊ဖမ်းဆီးထောင်ချမှုတွေ အဆက်မပြတ်လုပ် သွားဖို့ရှိပါတယ်”ဟု ခွန်းဘီထူးက ရှင်းပြသည်။

ဘက်ပြောင်းရေးအစီအမံများအနက် CDM လုပ်ပါက တပ်တွင်းစွန့်ခွာလာမူအပေါ် မူတည်၍ ပါရှိလာသည့် လက်နက်ခဲယမ်းများအလိုက် ထောက်ပံ့ကူညီမှု ၊ဆုချီးမြှင့်မှုများ ပါရှိမည်ဖြစ်သည်။

ထို့အတူ ရှေ့တန်း၌ ဖမ်းခံရသည့် တပ်မတော်သားများ အနေဖြင့် အညံ့ခံသည့် အချိန်မျိုး၌ အသက်ရှင်ခွင့် ကို ဘက်ပြောင်းရေးအစီအမံ၌ ထည့်သွင်းထားသည်။

“ကရင်နီပြည်နယ်ရဲ့ အက်ဥပဒေအရဆိုရင် အသက်အန္တရာယ်ဆုံးရှုံးရမယ့်အစား ခွင့်လွှတ်ခြင်းကို တောင်းခံတဲ့အတွက် စစ်ဥပဒေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဘယ်တပ်မတော်သားမဆို လက်နက်ချက်အညံ့ ခံခဲ့ရင် အသက်ရှင်ခွင့် ရှိစေရမှာ ဖြစ်တယ်။အမြန်ဆုံးသောလက်နက်ချခြင်းနဲ့ အများဆုံးခုခံတဲ့အပေါ်မှာမူတည်ပြီးတော့ တပ်ရမယ့်ပုဒ်မ တွေက ကွာ ခြားမှာ ဖြစ်ပါတယ်”ဟု KNDF ဥက္ကဌက ပြောသည်။

ယခု ဘက်ပြောင်းရေးအစီအမံသည် လူမျိုးရေး၊ဘာသာရေး ခွဲခြားမှု၊အခြားသော တပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများ မရှိစေရဟု ၎င်းက ကတိပြုသည်။

ထို့အပြင် လက်ရှိ ဖမ်းမိထားသည့်(သို့မဟုတ်) အညံ့ ခံလာသည့် တပ်မတော်သားများနှင့် Non CDM များကို အကောင်းဆုံးသော စံချိန်စံညွှန်း၊မူဝါဒများဖြင့် ကိုင်တွယ်နေကြောင်းလည်း အသိပေးသည်။

(KNDF ဥက္ကဌ ခွန်းဘီထူး။ဓါတ်ပုံ-KNDF)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *