နမ့်ဆန်မှာ စကစ အလူးအလဲခံနေရပြီ

နမ့်ဆန်မှာ စစ်ကောင်စီရဲ့တပ်စခန်းတွေသိမ်းပိုက်ခံရပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ

Dec 12,2023/Kachin New Group

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်ဆန်ရဲစခန်းအပါအဝင် စခန်းပေါင်း ၃ ခုကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာဆိုရင် စစ်ကောင်စီတပ်ဘက်က နမ့်ဆန်မြို့နယ်ဘက်ကို မန်တုံ ၁၃၀ တပ်စခန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်တာတွေရှိသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက် မှုတွေလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။

“တအာင်းတပ်တွေဘက်က ရဲစခန်းနဲ့ထွေအုပ်ရုံးသိမ်းပြီပြောတယ် မန်တုံဘက်ကနေ လက်နက်ကြီးတွေ ပစ်တယ် နမ့်ဆန်မြို့ထဲတွေကျတာပေါ့ ပျက်ဆီးမှုတွေလည်းရှိတယ် သေဆုံးမှုတွေလည်းရှိတယ် နမ့်ဆန် ဗျူဟာကုန်းနဲ့ အနီးဆုံး မွန်ဆိုင်းရပ်ကွက်ပေါ့ ပြင်းထန်တယ် လေကြောင်းရော မြေပြင်ကနေရော တာဝေး ပစ်ဒုံးတွေသုံးနေတယ် အဓိကကတော့ မန်တုံကနေပစ်တယ် ပြီးလို့ရှိရင် လေကြောင်းတိုက်ခိုက်မှုတွေ လည်းအကြိမ်ကြိမ်လုပ်တယ်လို့ ပြောတယ် “လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *