အဘရေပို့လိုက်တဲ့ပစ္စည်းအကုန်ရောက်ပါတယ် စမိုင်းလင်းးး

စစ်ရဟတ်ယဉ်နဲ့ ပို့ဆောင်ခဲ့တဲ့ စစ်ကူ ၁၀၀ ကျော်ကို TNLA က တိုက်ခိုက်ချေမှုန်းခဲ့တဲ့အပြင် လက်နက်များစွာကိုလည်း သိမ်းပိုက်ရရှိ

December 13,2023/ Kachin News group

ရှမ်းမြောက် တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ ပို့ဆောင်လိုက်တဲ့ စစ်ကူတွေကို တအာင်းတပ်မတော် PSLF/TNLA က လိုက်လံရှင်းလင်းချေမှုန်းနိုင်ခဲ့တဲ့အပြင် လက်နက်များကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီ စစ်ကူ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဟာ သူတို့ရဲ့စခန်းသစ်ကုန်းဘက်အဓိကကူပေးဖို့ နမ့်ခမ်းမြို့နယ်၊ နောင်ကောင်ကျေးရွာ သင်္ချိုင်းကုန်းနဲ့ကွန်လုံကျေးရွာဘောလုံးကွင်းဘက်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့ မနေ့က ရဟတ်ယာဉ်အသုံးပြုပြီး (၃)ကြိမ် တိတိလာရောက်ပို့ချထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကူလူအင်အားများကို တအာင်းတပ်မတော် PSLF/TNLA က လိုက်လံရှင်းလင်းချေမှုန်းရာမှာတော့ စစ်ကောင်စီတပ်က ဖယိုဖရဲဖြစ်ပြီး အကျအဆုံးများခဲ့တဲ့အပြင် စစ်ကောင်စီတပ်က‌နေ လက်နက်မျိုးစုံ (၁၉)လက်၊ ကျည်ဆံ (၄)သေတ္တာ၊ ဆက်သွယ်ရေးစက်၊ ဆေးဝါးများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စခန်းသစ်မကျဆုံးရေးအတွက် စစ်ကူလူအင်အားများ ပို့ဆောင်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊လေကြောင်းတိုက်ခိုက်တာ‌တွေ လုပ်နေတဲ့အပြင် စစ်ရေးပစ်မှတ်မဟုတ်တဲ့ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာဘက်ကိုလည်း နေ့တိုင်းဦးတည်ပစ်ခတ်တိုက်ခိုက်တာတွေလုပ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Photo- PSLFTNLA

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *