ဘုန်းဘုန်းတို့ရေ ခများတို့ငပုသာသနာပြုပုံကိုကြည့်ကြအုန်း

နမ့်ဆန်နှင့် နမ့်ခမ်း မြို့နယ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ စေတီပုထိုး၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ စေတီပုထိုး၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ကစတင်ပြီး နမ့်ဆန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ နမ့်ဆန် တပ်စခန်းနှင့် မန်တုံတပ်စခန်းတို့မှ လက်နက်ကြီးများဖြင့် နမ့်ဆန် ဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့ရှိ ပတ္တမြားစေတီဘုရားနှင့် နမ့်မဝေါရပ်ကွက်ရှိ ဒေသပြည်သူ နေအိမ် ၂ လုံးမီးလောင်ကာ နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အထက်မန်လွယ်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ၈ လုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် မိုင်းအိုက်ဇား နှင့် တာအိုက်လားတို့ရှိ နေအိမ် ၂ လုံးနှင့် ပန်လောကျေးရွာရှိ နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းအသုံးပြုကာ လာရောက် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် နမ့်ဆန်မြို့၊ နမ့်မဝေါရပ်ကွက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသပြည်သူ ဦးဟိန်းလတ် ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ကလည်း နမ့်ခမ်းမြို့နယ် မန်လုံအုပ်စု၊ လွယ်လွမ်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ပေါင် ၅၀၀ ဗုံး လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာဘုန်းကြီးကျောင်းနှင့် နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ ၁ ဦး လက်နက်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *