ဖြူးမြို့နယ် ကညွတ်ကွင်းထိမွှင်းခါး၇ပွဲချက်

ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ စစ်ကောင်စီ၏ ဘုရားငါးဆူ ရဲကင်းစခန်းကို KNLA ၊ PDF အပါ အဝင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်မှု ရဲ ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ စစ်ကောင်စီ၏ ဘုရားငါးဆူ ရဲကင်းစခန်းကို KNLA ၊ PDF အပါအဝင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ရာ ရဲ ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁ နာရီကျော်အချိန် ကညွတ်ကွင်းမြို့ရှိ စစ်ကောင်စီ၏ ဘုရားငါးဆူ ရဲကင်းစခန်းကို KNLA ၊ PDF အပါအဝင် တော်လှန် ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ နာရီပိုင်းအတွင်း ယင်းရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း၊ ရဲ ၇ ဦးသေဆုံးပြီး လက်နက် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရမိကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်း ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို KNLA ၊ PDF များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *