ရွှေဘိုသတင်းလေးဖတ်ကြအုန်း ထမ်းစင်နဲ့သယ်လာချိန်ထပ်အုန်းခံရ

ရွှေဘိုမှာ စစ်ကောင်စီ ခြေလျင်စစ်ကြာင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ သုံးဦးထက်မနည်း သေဆုံးနိုင် (ရုပ်/သံ)

ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးနှင့် ရဲ ၃ ဦးသေဆုံး၊ အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ထမ်းစင်ဖြင့် ယူဆောင်သွား

ဒီဇင်ဘာ၊ ၁၃

ရွှေဘိုမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ထွက်လာသော စစ်ကောင်စီ ခြေလျင်စစ်ကြောင်း ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ Black Dragon အဖွဲ့က မောင်းကို ပြောပါတယ်။

အင်အား ၃၀ ပါ စစ်ကြောင်းကို စိုက်ပျိုးရေးနှင့် ကံသာကုန်းရွာကြားတွင် မိုင်းဆွဲတိုက်ခိုက် စစ်အုပ်စုဘက်က ၃ဦး ထက်မနည်း သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရခြင်းကြောင့် စစ်အုပ်စု ဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို Black Dragon နှင့်အတူ One Day Revolution force၊ Dog Hunder၊မုန်တိုင်း မိုင်းအဖွဲ့၊ Fire dragon (KU)၊ရွှေဘိုခရိုင် တပ်ရင်း(၄)နှင့် နယ်မြေခံ ပကဖ များ ပူးပေါင်းပါ၀င်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *