မကူပဲတာတဲ့ ရှေးပြေး စခမလက်ချက်ဖြစ်နိုင်တယ်

ရေဖြူတွင် နယ်ထိန်း ဒုရဲအုပ် နေမင်းအောင်၊ ရဲတပ်ကြပ်ကြီး မောင်နုနှင့် ရဲတပ်သား ဇော်ဝင်းနိုင်တို့ စီးနင်းလာသည့် ကား ပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးလုံး သေဆုံး

ရန်ကုန်| ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်း- မွန်ပြည်နယ် နယ်စပ် ဖြစ်သည့် မလွဲတောင် စစ်ဆေးရေးဂိတ်မှ ပြန်လာသည့် ရေဖြူမြို့နယ် ကလိန်အောင်မြို့ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၈ နာရီ အချိန် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါသော ကားတစ်စီးသည် မလွဲတောင် စစ်ဆေးရေးဂိတ်မှ ကလိန်အောင်မြို့သို့ ပြန်လာစဉ် ရန်ကုန်- ထားဝယ် လမ်းပိုင်းရှိ မိုင် (၆၀) ရွာ အနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ကလိန်အောင်မြို့မ ရဲစခန်းမှ ဒုရဲအုပ်နေမင်းအောင်၊ ရဲတပ်ကြပ်ကြီး မောင်နုနှင့်ရဲတပ်သား ဇော်ဝင်းနိုင် တို့ ၃ ဦးလုံး ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။

ကလိန်အောင်မြို့ခံ တစ်ဦးက ” ပစ်ခတ်မှုကတော့ မနေ့ မနက်က ဖြစ်တာပါ။ ကနဦး တိုက်ပွဲ ဖြစ်တာပဲ ထင်တာပါ၊ မနေ့ နေ့လယ်ပိုင်းကျမှ မိုင် (၆၀) ရွာ အနီးပါး ကားတစ်စီး လမ်းဘေးမှာ မှောက်နေတာ တွေ့တယ်။ ရွာက လူတွေကို အကြောင်းကြားပြီး ဝင်ကြည့်တယ်။ အဲ့ဒီမှာ ရဲ သုံးဦး သေနတ်နဲ့ ပစ်ခတ်ရပြီး သေဆုံးနေတာတွေ့ရတယ် ” ဟု ပြောသည်။

“ရှေ့ပြေး နယ်ထိန်း ဒုရဲအုပ်ကားကတော့ ပစ်ခတ်ခံရချိန်မှာ စခန်းမှူးကားက ပြန်လှည့်ပြေး သွားတယ်။ အဲ့ဒီမှာ ထိခိုက်ဒဏ်ရာမရှိဘဲ လွတ်သွားတယ်” ဟု မိုင် (၆၀) ကျေးရွာနေ ဒေသခံ တစ်ဦးက ပြောသည်။

နောက်ထပ် ဒေသခံ တစ်ဦးက “ရဲတပ်ဖွဲ့ဝင် သုံးဦးက မနက်ပိုင်းက ပစ်ခတ်ခံရပြီး အလောင်းတွေကို စစ်တပ်က နေ့လယ် ၁၂ နာရီ အထိ လာကောက်တာ မရှိဘူး။ သူတို့ မိသားစုဝင်တွေကပဲ လာသယ်သွားတာ တွေ့ရတယ်”ဟုပြောသည်။

သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် သုံးဦး၏ ကိုင်ဆောင်ထားသည့် ဖုန်း တစ်လုံးနှင့် သေနတ် ၃ လက်လည်း လက်နက်ကိုင် အဖွဲ့စည်း က သိမ်းဆည်းသွားကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *