အညာသားတွေကတော့ မွှင်းခါးအိုးဘဲဥနဲ့၅ပွဲချက်လိုက်ပြန်ပြီ

မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ဗိုလ် ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၅ ဦးသေဆုံးခဲ့​ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KLG PDF ကျောက်လုံးကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်က ဒေါင်းတမန် စစ်ဆင်ရေးအဖြစ် အနောက် မြောက်တိုင်း စစ်ဌာနချုပ်အတွင်းရှိ စက်လက်နက်ခွဲ သိုလှောင်ရုံ စနခ ၇၄၇ တပ်၊ နမခ စစ်တိုင်းရုံး အရာ ရှိရိပ်သာဆောင် အပါအဝင် အခြား အရေးပါသောနေရာများကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံး တပြိုင်နက်တည်း ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်တိုင်းရုံးနှင့် အရာရှိရိပ်သာအတွင်းရှိ အကြမ်းဖက်စစ်ဗိုလ် ၅ ဦး သေဆုံးပြီး စစ်သားများ နှင့် စစ်သား မိသားစုဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သေတာက ဗိုလ် ၅ ဦးသေတာလို့ သိရတယ်ဗျ၊ တပ်မိသားစုတွေ၊ တပ်သားတွေ တော်တော်များများ ထိ တယ်၊ စစ်ဆေးရုံပို့တာက အစ သိရတယ်၊ သူတို့ဘက်က ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ပါ ပြန်ပစ် တာ၊ ကျောက်စစ်ပုံ အမြောက်တပ်ကနေ ပစ်တာ၊ ရမ်းသမ်းပစ်တာဆိုတော့ ကျနော်တို့ ရဲဘော်တွေ ဆီမရောက်ပါဘူး၊ သစ်ကွင်းတွေထဲကျတယ်၊ မြစ်ထဲကို ကျတာရှိပါတယ်” ဟု KLG PDF ကျောက် လုံးကြီးတပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်တိုင်းရုံး ၊ ကချင်၊ စစ်ကိုင်း၊ ချင်း၊ မကွေးတို့ကို လေကြောင်း တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်နေသည့် နမခ/ မုံရွာယာယီ လေ တပ်ဆွယ်မှ Air Traffic Control (ATC) လေကြောင်းထိန်းချုပ်ရေးစင်တာ ဝန်ထမ်းများနှင့် Mi-35, Mi-17 Pilot/Crew များ နေထိုင်သည့် လေတပ်ရိပ်သာ၊ လေယာဉ်ဆီသိုလှောင်ကန်၊ ရဟတ်ယာဥ်များ စစ်ထောက်ပို့ လေယာဥ် များ တက်/ဆင်း ပြုလုပ်ရာ မုံရွာလေဆိပ်လေယာဥ် ပြေးလမ်းစသည့်နေရာများကိုလည်း ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် နမခ စစ်ဆေးရုံမှ လူနာတင်ကား စစ်တိုင်းရုံးဝန်းတွင်းသို ဝင်ရောက် သွားခဲ့ကြောင်း ၊ နမခ တပ်နယ်အတွင်းမှလည်း ငါးကြင်းမြီး စက်ကလေး၊ လက်နက်ငယ် မှ ၆၀ မမ ၊ ၈၁ မမ တိုအပြင် ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက်ဖြင့်ပါ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၂၁ / ၂၂ / ၂၃ (KLG PDF – ကျောက်လုံးကြီး) မှ ဦးဆောင်စုံစမ်းထောက်လှမ်းကာ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF၊ ဆားလင်းကြီးမြို့နယ်နှင့် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ထိရောက်သော စစ်ဆင်ရေးများ အဆက်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ပြည် သူများအနေဖြင့်တတ်နိုင်သ၍ ထောက်ပံ့ကူညီပေးကြပါရန် KLG PDF ကျောက်လုံးကြီးတပ်ဖွဲ့က မေတ္တာရပ်ခံတိုက်တွန်းထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *