ပုလောမြို့မှ ပလောက်မြို့ကို ထွက်လာသည့်စခကားဆော်ခံထိပြန်ပြီ

ပုလောမြို့မှ ပလောက်မြို့ကို ထွက်လာသည့် စစ်သားများ လိုက်ပါလာသော ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်ကား ၁ စီး မီးလောင် ပျက်စီးပြီး စစ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်း၊ ပုလောမြို့မှ ပလောက်မြို့ကို ထွက်လာသည့် စစ်သားများ လိုက်ပါလာသော ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်ကား ၁ စီး မီးလောင် ပျက်စီးပြီး စစ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားရှိကြောင်း PDF Myeik District Battalion 1 – P23401 မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်တွင် ပုလောမြို့မှ ပလောက်မြို့ကို ထွက်ခွာလာသည့် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကား ၃ စီးကို ပုလောမြို့နယ် ၇ မိုင်အနီး၌ ခြုံခို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်သား ၇ ဦးထက် မနည်း ထိခိုက်ဒဏ်ရရှိခဲ့ကြောင်း သိရှိရသည်။

ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသော စစ်သားများကို ဆက်သယ်သွားသည့် အဆိုပါ ယာဉ်တန်းကို သစ်လှတောကျေးရွာအနီး နံနက် ၉ နာရီဝန်းကျင်တွင် တော်လှန်ရေး ရဲဘော်များက ထပ်မံ၍ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ ထပ်မံ ဒဏ်ရာရရှိကာ ကား ၁ စီး မီးလောင် ပျက်စီးကာ စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်သားများသည် ပြည်ထောင်စုလမ်းမကြီးတွင် ဖြတ်သန်းသွားလာနေသည့် ကား ၁ စီးကို လက်နက်ပြ ခြိမ်းခြောက်၍ ရပ်တန့်ခိုင်းကာ ကားပေါ်ပါသည့် ပြည်သူများကို ရိုက်နှက်၍ ကားကို ခိုးယူသွားခဲ့ပြီး ပြည်သူများကို လမ်းမဘေးတွင် ထိုင်ခိုင်းကာ ထားခဲ့ကြောင်း သိရသည်။

“စစ်ခွေးသေစာရင်းတော့ အတိအကျတာ့ မ​သိရသေးဘူး။ ယာဉ်မောင်းခန်းနဲ့ ယာဉ်ပေါ်မှာတာ့ သွေးကွက်တွ တွေ့ရတယ်။ စစ်ခွေးတွေက မြေသယ်ကားတွေနဲ့ လာတာ” ဟု PDF Myeik District Battalion 1 – P23401 မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တိုက်ခိုက်မှုများအတွင်း စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အသေးစိတ်ကို ထပ်မံ စုံစမ်းနေကြောင်း၊ တော်လှန်ရေးရဲဘော်များဘက်မှ ထိခိုက်မှု မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *