ပခုက္ကူမြို့နယ် ကန်တော်ရွာအနီး အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချ စစ်သား ၂ ဦးသေဆုံး(ရုပ်/သံ)
ဒီဇင်ဘာ ၁၃ ရက်
မကွေးတိုင်း ပခုက္ကူမြို့နယ် ကန်တော်ရွာအနီး အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ယာဉ်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ မှ ညနေ ၅ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ မြိုင်ပကဖအဖွဲ့မှ သတင်းရရှိပါတယ်။
အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ယာဉ်ကို ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီးမှာ မိုင်းပွိုင့် ၄ ခုနဲ့ မိုင်းခွဲတိုက်ခိုက်ပြီး ဒရုန်းနဲ့ အီနာဂါ အလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးကာ ၈ ဦးခန့် ဒဏ်ရာရရှိပြီး Black Cobra မှ ဒရုန်း ၂ စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အထက်ပါတိုက်ခိုက်မှုကို The Red Revolters၊ Black Cobra၊ PKU Thurain၊ Young Force (UG)၊ Pakokku People Defence Force (PPDF)နဲ့ ဓါးမင်းကြီး(DMG) တို့က ပူးပေါင်းဆောင် ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။