ခဝေးယာဉ်တန်း နတ်နတ်သီးမိုးရွာ(ရုပ်သံ)

ပခုက္ကူမြို့နယ် ကန်တော်ရွာအနီး အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချ စစ်သား ၂ ဦးသေဆုံး(ရုပ်/သံ)

ဒီဇင်ဘာ ၁၃ ရက်

မကွေးတိုင်း ပခုက္ကူမြို့နယ် ကန်တော်ရွာအနီး အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ယာဉ်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ မှ ညနေ ၅ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ မြိုင်ပကဖအဖွဲ့မှ သတင်းရရှိပါတယ်။

အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ယာဉ်ကို ပခုက္ကူမြို့နယ်၊ ကန်တော်ရွာအနီးမှာ မိုင်းပွိုင့် ၄ ခုနဲ့ မိုင်းခွဲတိုက်ခိုက်ပြီး ဒရုန်းနဲ့ အီနာဂါ အလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးကာ ၈ ဦးခန့် ဒဏ်ရာရရှိ​ပြီး Black Cobra မှ ဒရုန်း ၂ စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို The Red Revolters၊ Black Cobra၊ PKU Thurain၊ Young Force (UG)၊ Pakokku People Defence Force (PPDF)နဲ့ ဓါးမင်းကြီး(DMG) တို့က ပူးပေါင်းဆောင် ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *