ကျောက်မဲကအက်ရှင်အလန်းစား(ရုပ်သံ)

စစ်ကောင်စီ လယ်ကြီးတပ်စခန်းသိမ်းတိုက်ပွဲ ဗီဒီယိုမှတ်တမ်းဖိုင်ကို Red Wolves Of Mogok ထုတ်ပြန် (ရုပ်/သံ)

ဒီဇင်ဘာ ၁၄ ရက်

စစ်ကောင်စီတပ် လယ်ကြီးတပ်စခန်းအား သိမ်းပိုက်ရယူခဲ့တဲ့ ဗီဒီယိုမှတ်တမ်းဖိုင်ကို Red Wolves Of Mogokမှ ထုတ်ပြန်လိုက်ပါတယ်။

ကျောက်မဲမြို့နယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းကို ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီ ၃၅ မိနစ်အချိန်ခန့်မှာ တအာင်းတပ်မတော် PSLF/TNLA နဲ့ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၆ နာရီခန့်အကြာမှ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

၎င်းတပ်စခန်းအတွင်း စစ်သုံ့ပန့်(၂)ဦး၊ ရဲ(၃)ဦး၊ 60/80 MM လက်နက်ကြီးအပါအဝင်၊ စစ်ကောင်စီ၏ လက်နက် ( ၁၀ )လက်နဲ့ စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်း သိမ်းဆည်းရမိခဲ့ တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *