ရွှေပြည်သာနှင့်မြောက်ဒဂုံတွင် အုန်းအုန်းအုန်း

စစ်တပ် တပ်စွဲထားသော ရွှေပြည်သာမြို့နယ် ခန်းမအနီး ဗုံးပေါက်ကွဲပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်၊ မြောက်ဒဂုံတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ စစ်တပ်တပ်စွဲထားသော ရွှေပြည်သာမြို့နယ်ခန်းမအနီးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ရွှေပြည်သာမြို့မှ ဒေသပြည်သူများက ပြောဆိုကြသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီ ၅၇ မိနစ်အချိန် ရွှေပြည်သာမြို့နယ်ခန်းမအနီးတွင် ဗုံးပေါက်ကွဲသံ ၂ ချက်ကြားရပြီး ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း ၊ ယင်းနောက် ရဲကားနှင့်စစ်ကားများ လှည့်လည်သွားလာမှု မြင်ရကြောင်း ရွှေပြည်သာမှ ပြည်သူတစ်ဦးက ဆိုသည်။

“မနေ့ ည ၈ နာရီ ၅၇ မိနစ်အချိန် ဗုံးပေါက်ကွဲသံ ၂ ချက်ကြားရတယ်။ ပြီးတော့ သေနတ်သံတွေ တဒိုင်းဒိုင်းပဲ ကြားရတာ။ ကျနော်နေတာက ရဲစခန်းနားနဲ့ မြို့တော်ခန်းမဘက်နဲ့နီးတယ်။ အသံကတော့ ရွှေပြည်သာ မြို့တော်ခန်းမက လာတာ သေချာသလောက်ပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယမန်နေ့ ညပိုင်း ည ၉ နာရီ ၁၈ မိနစ်အချိန်နှင့် ည ၉ နာရီ ၄၃ မိနစ်အချိန်တို့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဆက် တိုက်ကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ- စစ်တပ် တပ်စွဲထားသော ရွှေပြည်သာမြို့နယ်ခန်းမ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *