မော်လူးကနန်းနန်းတို့အမြန်အလင်းဝင်ကြ

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်လိုက်တဲ့ မော်လူးမြို့က စစ်ကောင်စီဝန်ထမ်းများ လက်နက်ချ အလင်းဝင်ကြဖို့ နှိုးဆော်ထား…

ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီဝန်ထမ်းများအနေနဲ့ လက်နက်ချအလင်းဝင်ကြဖို့ နှိုးဆော်ထားကြောင်း မြောက်ပိုင်း ABSDF အဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ မော်လူးမြို့ကို ဒီကနေ့ မနက်ပိုင်း နယ်မြေ ရှင်းလင်းရာ လက်နက်ငယ် ၃ လက် ဆက်လက် သိမ်းဆည်းရရှိထားပြီး စစ်ကောင်စီဝန်ထမ်းများအနေနဲ့ လူထုမျက်နှာကို ထောက်ရှုပြီး လက်နက်ချအလင်းဝင်ကြဖို့ ABSDF က တိုက်တွန်းထားပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတယ်လို့ သတင်းများရရှိထားပြီး တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားတဲ့ မော်လူးမြို့ကို ကာကွယ်ဖို့ အသင့်ပြင်ဆင်ထားသလို ပြည်သူအများအပြား စစ်ဘေးရှောင်နေကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *