အာရှလမ်းမကြီးနှင့်နဂါးဖြူတို့အဖွဲ့ မိမိုက်နေရော

အာရှလမ်းမကြီးကို ထိန်းထားနိုင်ပြီလို့ NUG ရဲ့ နဂါးဖြူစစ်ကြောင်းဆို

ဒီဇင်ဘာ ၁၄ ရက်

ထိုင်း − မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကော့ကရိတ်မြို့မှာ နှစ်ပတ်နီးပါး တိုက်ပွဲတွေဖြစ်ပြီးနောက် အာရှလမ်းမကြီး ကို ထိန်းထားနိုင်ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ နဂါးဖြူ စစ်ကြောင်းက အသိပေးပါတယ်။

ဒီဇင်ဘာလ ၁ ရက်က စတင်ပြီး မနေ့ ဒီဇင်ဘာလ ၁၃ ရက်အထိ ကော့ကရိတ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီရဲ့ စခန်းအချို့ကို သိမ်းယူနိုင်ခဲ့သလို ကုန်သွယ်ရေး အာရှလမ်းမကြီးကိုလည်းထိန်းထားနိုင်ပြီလို့ နဂါးဖြူစစ်ကြောင်း က ကြေညာပါတယ်။

အာရှလမ်းမကြီး ထိန်းထားနိုင်ပြီဖြစ်လို့ နယ်မြေစိုးမိုးရေးအတွက် ဆက်လက်လုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်။

တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း ကယ်ထုတ်ပေးနေတယ်လို့ နဂါးဖြူစစ်ကြောင်းကပြောပါတယ်။

ဒီဇင်ဘာလ ၁ ရက်ကစတင်ဖြစ်ပွားတဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေကြောင့် ထိုင်း − မြန်မာ ကုန်သွယ်ရေး လမ်းမကြီး ပိတ်သွားခဲ့သလို ရာနဲ့ချီတဲ့ ကုန်ကားတွေ ၊ခရီးသည်တင်ကားတွေ ရက်ရှည်ပိတ်မိနေပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *