ကိုလှရွှေတို့ အလုအယက်ပဲနော်

ဂန့်ဂေါရဲစခန်းက ရဲ ၁ ဦး ABSDF ဆီ အလင်းဝင်

ဒီဇင်ဘာ ၁၄ ရက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)အမှတ် ၃ စစ်ကြောင်း အမှတ် (၁၂) တပ်ရင်း ၊ ယောဒေသစခန်းဆီ ရဲတပ်သား ၁ ဦး အလင်းဝင်ရောက်လာခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့မရဲစခန်းက ရဲတပ်သားဟာ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ ABSDF နဲ့ဆက်သွယ်ပြီး ၇.၆၂ မီလီမီတာကျည် ၅၀ တောင့်နဲ့အတူ အလင်းဝင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လိုအပ်တာတွေ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *