ယနေ့ သောကြာနေ့ (၁၅.၁၂.၂၀၂၃) အတွက် ဒေါ်လာဈေး ၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၁၅၊ ၂၀၂၃ (သောကြာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့်

ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်

ဗြိတိသျှစတာလင်ပေါင် 4300 – 4440
သြစတြေးလျဒေါ်လာ 2260 – 2330
ဂျပန်ယန်း 23.70 – 24.50

အမေရိကန်ဒေါ်လာ 3470 – 3530
ဥရောပယူရို 3700 – 3800

မလေးရှားရင်းဂစ် 725 – 750
တရုတ်ယွမ် 475 – 490
ထိုင်းဘတ် 97.30 – 99.60

တောင်ကိုရီးယားဝမ် 2.60 – 2.70
အိန္ဒိယရူပီး 40.40 – 41.60
စင်ကာပူဒေါ်လာ 2550 – 2610

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3700,000 –3710,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3500,000 ကျပ်ခန့် ရှိနေသည်

ယမန်နေ့က ကမ္ဘာ့ရွှေဈေးသည် ဒေါ်လာ 1980 ဝန်းကျင်မှ 2035 ဒေါ်လာအထိ တဟုန်ထိုး မြင့်တက်ခဲ့သဖြင့် ပြည်တွင်းရွှေဈေးမှာလည်း 3727,000 အထိ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် 3710,000 သို့ ပြန်ကျခဲ့သည်

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3679,200 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2035 ဒေါ်လာခန့် ဖြစ်သည်။

YGEA ၏ ဈေးကွက်ဈေးနှုန်းသည် ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲနှုန်း ဖြေလျှော့ပြီးနောက်တွင် ဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်သည်ဟု ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *