မူဆယ်နဲ့နမ့်ဆန် တစ်ရက်ထဲ အပိုင်သိမ်◌းသွားပြီ ဝမ်သားလိုက်တာ။(ရုပ်/သံ)

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ညီနောင်အဖွဲ့ ထိန်းချုပ်ထားဟု ဒေသခံများ ပြော

ညီနောင် ၃ ဖွဲ့၏ တပ်များက ရှမ်းပြည်နယ်၊ မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးရှိ အဓိကစစ်စခန်းတစ်ခုကို ဝင်တိုက်ပြီးနောက် ထိုဒေသကို ထိန်းချုပ်လိုက်ကြောင်း ဒေသခံများက ပြောသည်

ရှမ်းမြောက်၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးရှိ စစ်ကောင်စီဗျူဟာကုန်းကို ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ ညပိုင်းတွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် MNDAA အလံကို စိုက်ထူခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါဗျူဟာကုန်းကို မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် MNDAA အလံကိုစိုက်ထူခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ် ဘက်မှ ထိခိုက်သေဆုံးမှုနှင့် လက်နက်ခဲယမ်းရရှိမှုအခြေအနေကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။





Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *