ဘီးလင်းမှာ တပ်မ(၄၄)လက်အောက်ခံ ခမရ (၃) တပ်က ကင်းပုန်းနဲ့ စနိုက်ဘာကို ပြန်ကင်းပုန်းဝပ်တိုက်ခိုက်ရာ စစ်တပ်က စနိုက်ဘာသမား သေဆုံး…
ဒီဇင်ဘာ ၁၄
သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ တပ်မ (၄၄) လက်အောက်ခံ ခမရ (၃) တပ်က ကင်းပုန်းနဲ့ စနိုက်ပါကို ပြန်ကင်းပုန်းဝပ်တိုက်ခိုက်ရာ စစ်တပ်က စနိုက်ဘာသမား သေဆုံးသွားတယ်လို့ တပင်ရွှေထီးစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
တပ်မ (၄၄) လက်အောက်ခံ ခမရ (၃)တပ်က ကင်းပုန်းနဲ့ စနိုက်ဘာ အဖွဲ့များဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ချောင်းမြောင်းတိုက်ခိုက်နိုင်ဖို့ ဘီးလင်းမြို့နယ်၊ ဒညင်းကုန်းကျေးရွာထိပ်မှာ တပ်စွဲထားကြောင်း သတင်းရရှိတာကြောင့် တပင်ရွှေထီးစစ်ကြောင်း၊ တပ်ခွဲ(၂) နဲ့ တပ်ရင်း sniper team တို့ သွားရောက်စောင့်ဆိုင်းခဲ့ရာ sniper team ပြန်လည်ချောင်းမြောင်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ် စနိုက်ဘာသမား ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လည် ၁၀ နာရီ ၄၅ မိနစ်အချိန်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။