ကော့ကရိတ်မြို့ အနီးတိုက်ပွဲ စစ်အုပ်စုဘက်က အကျအဆုံးများပြား မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးကို စတင်ထိန်းချုပ်
ဒီဇင်ဘာ၊ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးက အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း ၂ ခုကို ၃ ကြိမ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း နဂါးဖြူစစ်ကြောင်းထံ မှ သိရပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ထိုင်း -မြန်မာ ကုန်သွယ်ရေးလမ်းကြီးဖြစ်သည့် အာရှလမ်းမကြီးကို ထိန်း ချုပ်နိုင်ရေးအတွက် ကော့ကရိတ်မြို့အနီးနှင့် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲဖော်ဆောင်ခဲ့ရာ ကော့က ရိတ်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကော့နွှဲ့တပ်စခန်းကို နာရီဝက်အတွင်း သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ထို့အပြင် ကော့ကရိတ်မြို့ပတ်ဝန်းကျင်ရှိ အခြားစစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရပါတယ်။
အလားတူ ဒီဇင်ဘာလ ၉ ရက်နံနက် ၈ နာရီခန့်တွင် ကော့ကရိတ်မြို့ ရေကူးကန်ရှိ အကြမ်းဖက်စစ် ကောင်စီ လက် အောက်ခံတပ်မ တပ်မ ၂၂ ၊ ခမရ ၂၀၂ တပ်စခန်းကို မွန်းလွဲ ၁ နာရီ အထိ ကြာ မြင့်ခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှ ရဲဘော် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်.
တိုက်ခိုက်တွေကို KNLA တပ်မဟာ ၆ ၊ နဂါးဖြူစစ်ကြောင်း၊ SOF စသည့်တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးကိုလည်း ထိန်းချုပ်ထား နိုင်ပြီဖြစ်ပါတယ်။