မဂ်လာဆောင်ပြီးနောက်သူမရဲ့ခင်ပွန်းအကြောင်းဖွင့်ဟလာတဲ့ဝတ်မှုန်ရွှေရည်(ရုပ်သံ)
အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်
‘အမျိုးသားက ကိုယ့်နောက်မှာ မားမားမတ်မတ် ရပ်တည်ပေးတဲ့ သူပါ။ ကစ် ကို အိမ်ရှင်မ ဆိုတာထက် အမြဲ ထက်မြက် စေချင်တယ်။ ကစ် လုပ်ချင်တာတွေကို ပံ့ပိုး ဖြည့်ဆည်းပေးတယ်။ သူက အလုပ်ကြိုးစားတဲ့ သူမို့ အရမ်း သဘောကျတယ်’ လို့ ခင်ပွန်း ဖြစ်သူ အကြောင်း ပြောလာတဲ့ ဝတ်မှုန်ရွှေရည် / ကစ်ကစ် နှင့် ခဏတာ။
မင်္ဂလာဦး အလှူ ပြုလုပ်ခဲ့တဲ့ ဝတ်မှုန်ရွှေရည် တို့ ဇနီးမောင်နှံ
ကိုနိုင်ဖြိုးကျော် နှင့် သရုပ်ဆောင် ဝတ်မှုန်ရွှေရည် တို့ ဇနီးမောင်နှံက မင်္ဂလာဦး အလှူအဖြစ် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ရန်ကုန်မြို့ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံဂေဟာ၊ စိတ်ကျန်းမာရေးဆေးရုံကြီး နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တို့အတွက် အလှူငွေများ ပေးအပ် လှူဒါန်း ခဲ့ပါတယ်။