မိုးပေါ်ကနေကျလာတဲ့ ငှက်ပျောဖူး(ရုပ်သံ)

ပခုက္ကူမြို့နယ် ကျပ်ထိုးရဲစခန်းအား ဒရုန်းနဲ့ အီနာဂါဗုံးသီးများ ကြဲချတိုက်ခိုက်

++++++++++++++++++++

ဒီဇင်ဘာ ၂၃ ရက်

မကွေးတိုင်း ပခုက္ကူမြို့နယ် ကျပ်ထိုးရဲစခန်းအား ဒရုန်းနဲ့ အီနာဂါဗုံးသီး အများအပြားကြဲချတိုက် ခိုက်ခဲ့တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က ပခုက္ကူမြို့နယ် ကျပ်ထိုးရဲစခန်းအား ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁.၅ KG ၃၂ လုံး၊ 800 G ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်က မြိုင်မြို့နယ် သရက်ကန်ရွာကို စစ်ကြောင်းထိုးတပ်စွဲ ထားတဲ့ အကြမ်းဖက်စစ်သားတွေကို မောင်းသူမဲ့လေယာဉ်ငယ်နဲ့ အီနာဂါ ၇ လုံး ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးအတွင်း ပစ်မှတ်များကို ဗုံးသီးများ ကြရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါ တယ်။

အဆိုပါတိုက်ခိုက်မှုကို Middle Revolution Task Force(MRTF)၊မြိုင်(ပကဖ)၊Thu Rain(TR)၊DMG(ဓါးမင်းကြီး )နဲ့ နယ်မြေခံမဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရ ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *