တကယ်ဆော်တာနော်(ရုပ်သံ)

နွားထိုးကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

++++++++++++++++++

ဒီဇင်ဘာ ၂၃ ရက်

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ လိုက်ပါလာတဲ့ ယာဉ်တွေ ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဉီးသေဆုံးပြီး ၃ ဉီး ဒဏ်ရာရရှိသွားတယ်လို့ Natogyi PDF မှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၁ ရက် နံနက် ၉ နာရီခန့်က မလှိုင်မြို့နယ်မှ နွားထိုးကြီးဘက်သို့ အရပ်ဝတ်များဖြင့် ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်သားတွေကို အောင်သာကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်ခန့်က မြင်းခြံမြို့မှ နွားထိုးကြီးမြို့ဘက်သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို လျော်ဖြူ-သာယာကုန်းရွာအရောက် ပဒေသာ မိုင်း ၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဉီးသေဆုံးပြီး ၃ ဉီးဒဏ်ရာရရှိသွားကာ ယာဉ် ၁ စီး အောက်ပိုင်းပျက်စီးသွားတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *