အဟောင်းတွေဖယ် အရည်အချင်းပြည့်ဝတဲ့အသစ်တွေလာမယ်

TNLA အခြေခံ ရဲသင်တန်းနှင့် ထွေအုပ်သင်တန်းဆင်းပွဲပြုလုပ်

ဒီဇင်ဘာ ၂၅ ရက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ အခြေခံရဲသင်တန်းနှင့် အထွေထွေအုပ်ချုပ်ရေးဌာနဆိုင်ရာ ရုံးစီမံမှုသင်တန်းဆင်းပွဲအား ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့က ပြုလုပ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ကျောင်းဆင်းပွဲအခမ်းအနားသို့ အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇာရ်း၊ တွဲဖက်အတွင်းရေးမှူး (၂) ဒုတိယဗိုလ်မှူးကြီး တားပန်လနှင့် ဌာနအသီးသီးမှ အရာရှိအရာခံ အကြပ်စစ်သည်များ၊ သင်တန်းသူ၊ သင်တန်းသားများ စုစုပေါင်း လူဦးရေ(၁၂၀)ဦး တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ သင်တန်းကာလမှာ (၆)လကြာမြင့်ခဲ့ပြီး အခြေခံရဲသင်တန်းကျောင်းတွင် သင်တန်းသား(၃၈)ဦးနှင့် ရုံးစီမံမှုသင်တန်းသား (၄၈)ဦး တက်ရောက်အောင်မြင်ခဲ့ကြသည်ဟု သိရသည်။

လက်ရှိတွင် ရဲသင်တန်းသူ၊ သင်တန်းသား စုစုပေါင်း(၁၆၆)ဦးနှင့် အထွေထွေအုပ်ချုပ်ရေးဌာန ရုံးစီမံမှုသင်တန်းသား (၂၀၀)ကျော် မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

သင်တန်းဆင်းကျောင်းသားများအား တအာင်းပြည်နယ်အတွင်းရှိ ရပ်ရွာ၊ မြို့နယ်နှင့် ခရိုင်အသီးသီးအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် အုပ်ချုပ်ရေးဌာနဆိုင်ရာရုံးများတွင် တာဝန်ပေးအပ်သွားမည်ဟု သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *